Serie-A News

သက်တမ်းတိုးသော ဘူဖွန်

May 12 , 2016

ဂျူဗင်တပ်ဂိုးသမား ဘူဖွန်မှာ အသင်းတွင် ၂၀၁၈အထိ ဆက်ရှိနေမည့် သက်တမ်းတိုး စာချုပ်ချူပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၃၈နှစ်ရှိပြီဖြစ်သော ဘူဖွန်မှာ ၂၀၀၁တွင် ဂျူဗင်တပ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ၅နှစ်ဆက်တိုက် စီးရီးအေ ချန်ပီယံဆုကို ယခုရာသီတွင် ရရှိခဲ့သည်။

 အသင်းတွင် ၁၇ရာသီအထိ ကစားသူတစ်ဦးအဖြစ် မှတ်တမ်းဝင်တော့မည့် ဘူဖွန်က ဒီကလပ်နှင့် အတူ နောက်ထပ် အောင်မြင်မှုတွေရဦး မယ့် ကျေနပ်စရာ ကျနော်ဘ၀အတွက် ဂုဏ်ယူမိပါတယ် ဟု ပြောဆိုခဲ့သည်။

အလားတူ အသက် ၃၅နှစ်အရွယ် နောက်ခံလူ ဘာဇာလီမှာလည်း အသင်းနှင့် ၂၀၁၈အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီး ဘ၀အတွက် အကောင်းဆုံးတစ်နေရာဟု တင်စားပြောဆိုသွားခဲ့သည်။

အီတလီလက်ရွေးစင်အသင်းတွင် ၅၄ပွဲ ပါဝင်ကစားထားသူ ဘာဇာလီမှာ လာမည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ပါဝင်ကစားဦးမည်ဖြစ်ပြီး ယင်းပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အဖြစ်မှ အနားယူမည်ဖြစ်သည်။

အီတလီအတွက် ၁၅၆ပွဲ ကစားပေးထားသော ဘူဖွန်ကမူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကစားလိုသေးကြောင်း ပြောဆိုသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here