Serie-A News

မီလန်ဂိုးသမား နားတော့မည်

May 14 , 2016

မီလန်မှ ဂိုးသမားကြီး အဘီယာတီမှာ ယနေ့ ရိုးမားနှင့် ကစားရမည့် စီးရီးအေပွဲစဉ် ၃၈အပြီးတွင် ကစားသမားဘ၀မှ အနားယူတော့ မည်ဖြစ်သည်။

အသက် ၃၈နှစ်ရှိပြီဖြစ်သော အဘီယာတီမှာ မီလန်သို့ ၂၉၉၈တွင် စတင်ရောက်ရှိခဲ့သူဖြစ်ပြီး စီးရီးအေ ဖလား ၃ကြိမ်နှင့် ၂၀၀၃ ချန်ပီယံလိဂ်ဖလားတို့ကို ရရှိခဲ့သူဖြစ်သည်။

မန်ယူကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ဂျူဗင်တပ်နှင့် ကစားရသည့် ၂၀၀၃ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အဘီယာတီမှာ အရန်ဂိုးသမားအဖြစ်သာ ရှိခဲ့သူဖြစ်စည်။

သူသည် ဂျူဗင်တပ်၊ တိုရီနို၊ အက်သလက်တီကို တို့သို့လည်း အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့ရသေးသူဖြစ်ပြီး သူသည် ထိုအသင်းများ မှ မီလန်သို့ ပြန်ရောက်လာပြီးနောက် ပုံမှန်ကစားခွင့်ရခဲ့ပြီး လွန်ခဲ့သော ၂ရာသီအတွင်းတွင်မူ ရီးရဲလ်မှ ရောက်လာသော လိုပက်ဇ်က ပုံမှန်နေရာ ရရှိသွားခဲ့သည်။

သူသည် အီတလီလက်ရွေးစင်အသင်းအတွက် ၄ပွဲကစားခွင့်ရခဲ့သော်လည်း ယင်းပွဲများမှာ ခြေစမ်းပွဲများသာဖြစ်သည်။

ယခုရာသီတွင် အဘီယာတီမှာ ၆ပွဲကစားခွင့်ရခဲ့သော်လည်း ၅ပွဲမှာ ကိုပါအီတာလျံပွဲများဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here