Serie-A News

အသင်းအကြောင်းပြောတဲ့ နည်းပြ

May 16 , 2016

စီးရီးဘီသို့ တန်းဆင်းသွားရသော ကာပီအသင်းမှ နည်းပြ ကက်စတိုရီက သူ့အနေနှင့် အတက်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ခက်ခဲသော ရာသီဖြစ်ခဲ့ရသည်ဟု ပြောဆိုလိုက်သည်။

ကာပီအသင်းမှာ နောက်ဆုံးပွဲစဉ်တွင် အူဒီနီးစ်အသင်းကို ၂း၁ဖြင့် အနိုင်ရရှိအောင် ကစားသွားနိုင်ခဲ့သော်လည်း အနီးဆုံးပြိုင်ဘက် ပါလာမို ကလည်း ဗီရိုနာကို ၃း၂ဖြင့် အနိုင်ရရှိသွားခြင်းကြောင့် ကာပီမှာ အဆင့် ၁၈ဖြင့် တန်းဆင်းလိုက်ရခြင်း ဖြစ်သည်။

ကက်စတိုရီက ဘာပဲဖြစ်ဖြစ်ကျနော်တို့ အမှန်တရားကို လက်ခံကြရမှာပါ။ ကျနော်တို့အနေနဲ့ ရာသီအစပိုင်းက ရလဒ်တွေကြောင့် ဘယ်လိုမှ မတက်နိုင်ပဲ အရှုံးဆိုတာကို လက်ခံခဲ့ရပါပြီဟု ပြောဆိုသွားခဲ့သည်။

ကာပီအသင်းမှာ ရာသီစချိန်မှ စ၍ အောက်တိုဘာလအထိ နိုင်ပွဲမရှိခဲ့ပဲ ၂၀၁၅ခုနှစ်အတွင်း စုစုပေါင်း နိုင်ပွဲ၂ပွဲသာ ရခဲ့သည်။

နောက်ဆုံး၂၁ပွဲတွင် အရှုံး၇ပွဲသာရှိအောင် ကစားနိုင်ခဲ့သော်လည်း ရာသီအစပိုင်း ရလဒ်ဆိုးများကြောင့် ဗီရိုနာ၊ ဖရိုဆင်ဝမ်းတို့နှင့်အတူ စီးရီးဘီ သို့ တန်းဆင်းသွားရခြင်းဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here