Ligue-1 News

PSG နှင့် မော်ရင်ဟို ဆွေးနွေးနေ

May 17 , 2016

အသင်းလက်မဲ့ဖြစ်နေသူ နည်းပြ မော်ရင်ဟိုမှာ ပြင်သစ်ကလပ် PSGနှင့်ဆွေးနွေးနေသည်ဟု သိရသည်။

မော်ရင်ဟိုမှာလာမည့် ရာသီတွင် မန်ယူကို ကိုင်တွယ်တော့မည်ဟု နာမည်ကြီးနေသော်လည်း မန်ယူတွင် ဗန်ဂေါလ်မှာ ဆက်ရှိနေဆဲဖြစ်ပြီး FA ဖလား ဗိုလ်လုပွဲနောက်ပိုင်းတွင် အသင်း၌ ဆက်ရှိမရှိ သိရမည်ဖြစ်သည်။

အသက် ၅၃နှစ်ရှိပြီဖြစ်သည့် မော်ရင်ဟိုမှာ မန်ယူတွင် ဗန်ဂေါလ်ဆက်ရှိဦးမည်ဆိုပါက အသင်းလက်မဲ့ ထပ်ဖြစ်နေရမည်ကို မလိုလား၍ PSGနှင့် ဆွေးနွေးနေခြင်း ဖြစ်နိုင်ကြောင်း အချို့သတင်းများက ဖော်ပြခဲ့ကြသည်။

မန်ယူ၏ ၁နှစ်တာအကောင်းဆုံးကစားသမားဆုရထားသူ ဂိုးသမား ဒီဂီရာက မန်ယူတွင် ဗန်ဂေါလ်ဆက်ရှိပါက သူအသင်းပြောင်းမည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ဇာတိမြေ စပိန်မှာ ရီးရဲလ်သို့ ပြောင်းရန် ကြိုးစားလိမ့်မည်ဟု ဆိုသည်။

ထို့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်းကြောင့်လည်း အချို့ကစားသမားများက စိတ်ပျက်နေကြောင်း သိရသည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here