Europa League

၁၀နှစ်အတွင်း ဖိုင်နယ် ၅ကြိမ်တက်သူ

May 17 , 2016

စပိန်ကလပ်တစ်ခုဖြစ်သော ဆီဗီးလားမှာ ယူရိုပါလိဂ်တွင် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဗိုလ်လုပွဲ ၅ကြိမ်တက်နိုင်သူအဖြစ် မှတ်တမ်းဝင် ခဲ့သည့်အပြင် မနက်ဖြန်ည ကစားမည့် ဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါက ၃နှစ်ဆက်တိုက် ဗိုလ်စွဲသည့် ပထမဆုံးအသင်းအဖြစ် စံချိန်ချိုး မည်ဖြစ်သည်။

ယခင်က UEFAဟုခေါ်သည့် ယူရိုပါလိဂ်ပြိုင်ပွဲများကို ၁၉၇၂ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ပထမဆုံး ဗိုလ်စွဲခဲ့သည်မှာ စပါးအသင်းဖြစ်သည်။

ထိုပြိုင်ပွဲတစ်လျှောက် ဂျူဗင်တပ်၊ အင်တာနှင့် လီဗာပူးတို့က ၃ကြိမ်စီ၊ ရီးရဲလ်က ၂ကြိမ်နှင့် ဘိုင်ယန်၊ နာပိုလီ၊ ချဲလ်ဆီး စသည့် ဥရောပ ထိပ်တန်းအသင်းများက ၁ကြိမ်စီ ဗိုလ်စွဲခဲ့သော်လည်း ၄ကြိမ်အထိ ဗိုလ်စွဲထားသည့် တစ်ခုတည်းသော အသင်းမှာ ဆီဗီးလားဖြစ်သည်။

နည်းပြရာမို့စ်လက်ထက် ၂၀၀၆နှင့် ၂၀၀၇တို့တွင် ဗိုလ်စွဲခဲ့သော ဆီဗီးလားမှာ ၂၀၁၄၊၂၀၁၅တို့တွင်လည်း ဗိုလ်စွဲခဲ့ပြီး ယခု ၂၀၁၆တွင် ဗိုလ်စွဲခဲ့ပါက ၃နှစ်ဆက်တိုက် ချန်ပီယံအသင်းအဖြစ် စံချိန်တင်လိမ့်မည်ဖြစ်သည်။

ဆွစ်ဇာလန်ရှိ ဘေဆယ်ကွင်းတွင် မနက်ဖြန်၌ ဆီဗီးလားနှင့် လီဗာပူးတို့ ဗိုလ်လုကြတော့မည်ဖြစ်သည်။

U Myo Thant

<< Back Europa League


Advertisement
Here