Europa League

ဘယ်သူဗိုလ်စွဲမှာလဲ?

May 18 , 2016

ယနေ့ညတွင် ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် လီဗာပူးနှင့် ဆီဗီးလားအသင်းတို့ ယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်။

လီဗာပူးအသင်းမှာ ယခုပြိုင်ပွဲ၏ ၁၉၇၃၊ ၁၉၇၆နှင့် ၂၀၀၁ ဗိုလ်လုပွဲများတွင် အနိုင်ရထားပြီး ဆီဗီးလား က ၂၀၀၆၊ ၂၀၀၇၊ ၂၀၁၄၊၂၀၁၅ ဗိုလ်လုပွဲများတွင် အနိုင်ရထားသူဖြစ်သည်။

လီဗာပူးအသင်းမှာ ဥရောပအဆင့် နောက်ဆုံး ဗိုလ်လုပွဲများသို့ ၁၁ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ၈ကြိမ် အနိုင်ရထားသည့် အသင်းဖြစ်သည်။

လီဗာပူးနည်းပြ ကလော့ပ်က ယခုဗိုလ်လုပွဲတွင် အနိုင်ရရေးမှာ နှစ်သင်းစလုံး ၅၀%စီ အခွင့်အရေးရှိနေသည်ဟု ဆိုခဲ့သည်။

လီဗာပူးနှင့် ဆီဗီးလားတို့၏ ယခုဆုံတွေ့မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လီဗာပူးအနေနှင့် စပိန်အသင်းများနှင့် ဗိုလ်လုပွဲတွင် ၂ကြိမ်တွေ့ဘူးခဲ့ ရာ ၂ကြိမ်လုံးအနိုင်ရခဲ့ပြီး ၁၉၈၁ ဥရောပဖလားပွဲ(ယခု ချန်ပီယံလိဂ်)တွင် ရီးရဲလ်၊ ၂၀၀၁ UEFA ဖလား(ယခု ယူရိုပါလိဂ်)တွင် အလာဗက်စ် တို့ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယခုရာသီ ယူရိုပါလိဂ်ပွဲစဉ်များတွင် လီဗာပူးမှာ ၁၄ပွဲကစား ၆ပွဲနိုင် ၇ပွဲသရေ ၁ပွဲ ရှုံးထားပြီး  ဆီဗီးလားအသင်းမှာ ဥရောပအဆင့်ပွဲများတွင် အင်္ဂလန်အသင်းများနှင့် ၈ကြိမ်တွေ့ရာတွင် ၃ပွဲနိုင်၊ ၂ပွဲသရေ၊ ၃ပွဲရှုံးထားခဲ့သည်။

ယူရိုပါလိဂ် ဖိုင်နယ်ပွဲများတွင် လီဗာပူးက ၃ကြိမ် ကစား ၃ကြိမ်နိုင်ခဲ့သကဲ့သို့ ဆီဗီးလားက ၄ကြိမ်တက်ရောက်ခဲ့ရာတွင် ၄ကြိမ်လုံး အနိုင်ရ ထားခဲ့သည်။

ယခုပွဲတွင် လီဗာပူး ကပ္ပတိန် ဟန်ဒါဆင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ရန် မသေချာသေးပဲ ဆာခိုမှာ ပွဲပယ်ခံထားရသူဖြစ် သည်။

ဆီဗီးလားဘက်တွင် ဒီလီနှင့် ရေးယက်စ်တို့ ပါနိုင်မည်မဟုတ်ပေ။

Goal.com ပရိသတ်အများစုက လီဗာပူးနိုင်မည်ဟု ခန့်မှန်းထားကြပြီး Asian bookie ကမူ ဆီဗီးလားအနေနှင့် အနည်းဆုံး သရေကစားနိုင် သည်ဟု ဆိုသည်။

လီဗာပူးမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇နေရာ၌ ရှိနေပြီး ဆီဗီးလားက လာလီဂါ အဆင့်၈ဖြစ်သည်။

U Myo Thant




<< Back Europa League


Advertisement
Here