Europa League

စံချိန်တင်သော ဆီဗီးလား

May 19 , 2016

လီဗာပူးနှင့်ကစားခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ၃း၁ဖြင့် အနိုင်ရခဲ့ပြီးနောက် ဆီဗီးလားမှာ ၅ကြိမ် ဗိုလ်စွဲနိုင်ရန် ပထမဆုံးအသင်းနှင့် ၃ကြိမ်ဆက်တိုက် ဗိုလ်စွဲနိုင်သော ပထမဆုံးအသင်းအဖြစ် စံချိန်သစ်များ တင်နိုင်ခဲ့ပြီဖြစ်သည်။

ထိုပွဲတွင် လီဗာပူးက စတားရစ်၏  ၃၅မိနစ် ဂိုးဖြင့် စတင်ဦးဆောင်နိုင်ခဲ့သော်လည်း ၄၆မိနစ်တွင် ဂါမီယို၊ ၆၄ နှင့် ၇၀မိနစ်တို့တွင် ကိုတီတို့ က ဂိုးများပြန်လည်သွင်းယူကာ  ဆီဗီးလားက အနိုင်ရသွားခြင်းဖြစ်သည်။

လက်ရှိ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်မှာ ဂျာမနီ၊ အင်္ဂလန်နှင့် ဥရောပ ပွဲစဉ်များမှ ဗိုလ်လုပွဲများတွင် နောက်ဆုံး ၅ကြိမ်အထိ ရှုံးတဲ့ နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆီဗီးလားအသင်းမှာ ၂၀၁၄တွင် ယူရိုပါလိဂ်ဖလားရခဲ့ပြီး ၂၀၁၅တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သော်လည်း ယူရိုပါလိဂ်သို့ ပြန်ရောက်လာကာ ဗိုလ်စွဲခဲ့ပြန်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဗိုလ်စွဲခဲ့ခြင်းကြောင့် ဆီဗီးလားမှာ ၂၀၁၆-၁၇ ရာသီ ချန်ပီယံလိဂ်ပွဲစဉ်များသို့ ၀င်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး လီဗာပူးအတွက်မူ ပြည် တွင်းပွဲများသာ ကစားရတော့မည်ဖြစ်သည်။

 

U Myo Thant

<< Back Europa League


Advertisement
Here