Europa League

အောင်မြင်နေသော စပိန်အသင်းများ

May 19 , 2016

ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် စပိန်ကလပ်အသင်းတစ်သင်းဖြစ်သော  ဆီဗီးလားက အောင်ပွဲခံနိုင်ခဲ့သကဲ့သို့ ချန်ပီယံလိဂ်တွင်လည်း စပိန် အသင်း၂ သင်းဖြစ်သော ရီးရဲလ်နှင့် အက်သလက်တီကိုတို့ ဗိုလ်လုကြမည်ဖြစ်၍ ဥရောပအဆင့် ဖလား ၂လုံးကို စပိန်ကလပ်များကသာ ပိုင်ဆိုင်ကြတော့မည်ဖြစ်သည်။

၂၀၀၆မှစ၍ ၂၀၁၆အထိ ၁၀နှစ်အတွင်းတွင် ယူရိုပါလိဂ်ဖလားကို  စပိန်ကလပ် ဆီဗီးလားက ၅ကြိမ်၊ ၂၀၁၀နှင့် ၂၀၁၂တွင် အက်သလက်တီကိုတို့က ရခဲ့သဖြင့်၁၀နှစ်အတွင်း ၇ကြိမ်မှ စပိန်ကလပ်များ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်တွင်လည်း ၂၀၀၆မှ ၂၀၁၅အထိ ဘာစီလိုနာက ၄ကြိမ်(၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅) ရီးရဲလ်က ၁ကြိမ် (၂၀၁၄) ရရှိထားခဲ့ပြီး ယခု ၂၀၁၆တွင်လည်း စပိန်အသင်း တစ်သင်းသင်းကသာ ရရှိမည်ဖြစ်သောကြောင့် ၁၀နှစ်အတွင်း ၆ကြိမ်မှာ စပိန်ကလပ်များကသာ ဗိုလ်စွဲနိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ရှုံးထွက် အဆင့်ပွဲစဉ် ၁၆ပွဲတွင် စပိန်အသင်းများက ပြိုင်ဘက်များကို အများဆုံး အသာစီး ရခဲ့ကြခြင်းသည်လည်း စပိန်အသင်းများ၏ ယခုရာသီ အောင်မြင်ရခြင်းအကြောင်းရင်းဟု ဆိုရမည်ဖြစ်သည်။

U Myo Thant

<< Back Europa League


Advertisement
Here