Serie-A News

နည်းပြသစ်ခန့်သော အူဒီနီးစ်

May 20 , 2016

စီးရီးအေတွင် တန်းဆင်းအသင်းထက် ၁မှတ်အသာ အဆင့် ၁၆တွင်သာ ရပ်တည်နိုင်ခဲ့သော အူဒီနီးစ်အသင်းမှာ နည်းပြ ဒီကာနီယိုကို ထုတ်ပယ်လိုက်ပြီး လာချီနီကို ၂နှစ်စာချုပ်ဖြင့်ခန့်အပ်လိုက်သည်။

အူဒီနီးစ်အသင်းမှာ လာလီဂါမှ ဂရာနာဒါ ၊ ပရီးမီးယားမှ ၀တ်ဖို့ဒ်တို့နှင့်အတူ ပိုင်ရှင်အတူတူဖြစ်ပြီး အသက် ၅၂နှစ်အရွယ် လာချီနီမှာ ယခင်က ချီယေးဗိုး၊ ဆမ်ဒိုးရီးယား၊ ဆီနာတို့ကို ကိုင်တွယ်ခဲ့ဘူးပြီး ၂၀၁၅-၁၆ရာသီတွင် ပါလာမိုကို ကိုင်တွယ်ခဲ့သူဖြစ်သည်။

အူဒီနီးစ်အသင်းမှ ၂၀၁၅-၁၆တွင် နည်းပြ ကိုလန်တူနိုနှင့် ရာသီစခဲ့သော်လည်း နောက်ပိုင်းတွင် ဒီကာနီယိုနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

သို့သော် စီးရီးအေ နောက်ဆုံးပွဲ၂၀တွင် ၁၅မှတ်သာရခဲ့ပြီး ကံကောင်း၍သာ စီးရီးအေတွင် တင်ကျန်ခဲ့ခြင်းဖြစ်သည်။

လာချီနီ ကိုင်တွယ်ခဲ့သော ပါလာမိုမှာ အူဒီနီးစ်နှင့် အမှတ်တူ၃၉မှတ်ဖြင့် အဆင့်၁၇တွင် ရပ်တည်ခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here