Europa League

သက်တမ်းတိုးသော ကိုးလ်မန်း

May 24 , 2016

ဝေလလက်ရွေးစင်အသင်းနည်းပြ ကိုးလ်မန်းမှာ အသင်းနှင့် ၂နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။

အသက် ၄၅နှစ်အရွယ်ရှိ ကိုးလ်မန်းမှာ ဝေလအသင်းကို ၁၉၅၈ ကမ္ဘာ့ဖလားနောက်ပိုင်း နိုင်ငံတကာ အဆင့်ပြိုင်ပွဲကြီး တစ်ခုသို့ ပထမဆုံး အကြိမ်ပို့ဆောင်ပေးနိုင်ခဲ့မှုအဖြစ် ယူရို ၂၀၁၆ပြိုင်ပွဲ ၀င်ခွင့်ရစေခဲ့ သူဖြစ်သည်။

ကိုးလ်မန်း၏ လက်ရှိစာချုပ်မှာ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီး ထိသာ ဖြစ်ပြီး ယခု၂နှစ်သက်တမ်းတိုးခဲ့သဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအထိ အသင်းနှင့်ရှိနေမည့် သဘောဖြစ်သည်။

ကိုးလ်မန်းမှာ ဂယ်ရီစပိဒ်ကို ဆက်ခံကာ ဝေလနည်းပြအဖြစ် ၂၀၁၂ ဇန်န၀ါရီလမှ စတင်တာဝန်ယူခဲ့သူဖြစ်ပြီး ဝေလအသင်းမှာ ကိုးလ်မန်း လက်ထက် ပြိုင်ပွဲ ၂၉ပွဲတွင် ၁၂ပွဲ အနိုင်ရစေကာ ခြေစစ်ပွဲများ ကစားရာ၌ နောက်ဆုံး ၁၁ပွဲတွင် အရှုံး ၁ပွဲသာ ရှိခဲ့သူဖြစ်သည်။

ဝေလအသင်းသားအဖြစ် ၃၂ပွဲ ကစားပေးခဲ့သော နောက်ခံလူဟောင်း ကိုးလ်မန်းက ယခုကဲ့သို့ သက်တမ်းတိုးနိုင်ခဲ့ခြင်းကြောင့် များစွာ ကျေနပ်မိရပြီး လာမည့်  ယူရို ၂၀၁၆နှင့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင် ရလဒ်ကောင်းများရရှိရေး ကြိုးစားသွား မည်ဟု ပြောဆိုခဲ့သည်။

U Myo Thant

<< Back Europa League


Advertisement
Here