Bundesliga News

Play - Off ပွဲနိုင်သော ဖရန့်ဖတ်

May 24 , 2016

ဘွန်ဒစ်လီဂါ တန်းတက်ခွင့်အတွက် Play-Off ကစားခဲ့ကြရာတွင် ဘွန်ဒစ်လီဂါမှ ဖရန့်ဖတ်မှာ ဒုတိယတန်း မှ နူရင်ဘတ်ကို နှစ်ကျော့ပေါင်း ၂း၁ဖြင့် အနိုင်ရခဲ့သဖြင့် လာမည့်ရာသီတွင် ဘွန်ဒစ်လီဂါ၌ ဆက်ရှိနေဦးမည်ဖြစ်သည်။

ဘွန်ဒစ်လီဂါတွင် အောက်ဆုံး၂သင်းက တိုက်ရိုက်တန်းဆင်းရပြီး အဆင့် ၁၆က Play-Off ပွဲကစားခွင့်ရသကဲ့သို့ ဒုတိယတန်းတွင်လည်း ထိပ်ဆုံး၂သင်းက တိုက်ရိုက်တန်းတက်ခွင့်ရပြီး တတိယနေရာမှအသင်းက တန်းတက်ခွင့်အတွက် ဘွန်ဒစ်လီဂါ အဆင့် ၁၆အသင်းနှင့် Play-Off ကစားရသည့် စနစ်ဖြစ်သည်။

ထို့ကြောင့် ဖရန့်ဖတ်နှင့် နူရင်ဘတ်တို့ Play-Off ကစားရာတွင် ပထမအကျော့၌ ၁ဂိုးစီသရေကျခဲ့ပြီး ဒုတိယအကျော့၌ ဖရန့်ဖတ်က ၁းဝဖြင့် နိုင်ခဲ့သောကြောင့် တန်းမဆင်းရတော့ပဲ ဘွန်ဒစ်လီဂါတွင် ဆက်ကစားခွင့်ရရှိလာခြင်းဖြစ်သည်။

ဘွန်ဒစ်လီဂါမှ စတုဂတ်နှင့် ဟန်နိုဗာတို့မှာ တန်းဆင်းသွားရပြီး ဒုတိယတန်းမှ ဖရိုင်းဘတ်နှင့် လိုက်ပဇစ်အသင်းတို့ ဘွန်ဒစ်လီဂါသို့ တန်း တက်ခွင့်ရခဲ့ကြသည်။

U Myo Thant

<< Back Bundesliga News


Advertisement
Here