Coppa Italia Cup News

ကိုပါပွဲ လွဲမည့် နှစ်ယောက်

May 25 , 2016

PSGအသင်းဖော်ဟောင်း နှစ်ယောက်ဖြစ်သည့် အာဂျင်တီးနားလက်ရွေးစင် ပက်စတိုနှင့် လာဗက်ဇီတို့မှာ ဒဏ်ရာကိစ္စများကြောင့် အမေရိကန် တွင် ကျင်းပမည့် ကိုပါအမေရိကန်ပွဲကို လွဲချော်ရပြီဖြစ်သည်။

အာဂျင်တီးနားသအသင်းမှာ ထိုပြိုင်ပွဲအတွက် အကြိုပြင်ဆင်သည့်အနေဖြင့် လာမည့် စနေနေ့တွင် ဗျူနိုအေရီမြို့၌ ဟွန်ဒူးရပ်စ် အသင်းနှင့် ခြေစမ်းပွဲကစားရန် ရှိနေပြီး ထိုပွဲအတွက် လေ့ကျင့်ရေး ဆင်းနေစဉ် လာဗက်ဇီ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ပက်စတိုမှာလည်း ဒဏ်ရာပေါ်လာခြင်းဖြစ်သည်။

လာဗက်ဇီမှာ တရုတ်ကလပ် ဟီဘေးချိုင်းနားတွင် ကစားနေသည့်တိုက်စစ်မှုးဖြစ်ပြီး သူ၏ ဒဏ်ရာရရှိမှုကို အာဂျင်တီးနားလက်ရွေးစင် အသင်းက တရားဝင်ကြောညာခဲ့ပြီး ပက်စတို၏ ဒဏ်ရာနှင့် ပတ်သက်၍မူ တရားဝင်ပြောဆိုခြင်း မရှိသေးပေ။

အာဂျင်တီးနားအသင်းမှာ ကိုပါအမေရိကပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ချီလီနှင့် ဇွန်လ၇ရက်နေ့တွင် စတင်ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here