Coppa Italia Cup News

ကိုပါပွဲအကြောင်းပြောသူ

May 25 , 2016

ကိုပါအမေရိကပြိုင်ပွဲမှာ ယူရို ၂၀၁၆ပြိုင်ပွဲထက် စွမ်းဆောင်ရည် ပိုပြနိုင်မည့်ပွဲဖြစ်ကြောင်း အမေရိကန်လက်ရွေးစင်အသင်း နည်းပြ ကလင်းစမန်းက ပြောဆိုလိုက်သည်။

နှစ်တစ်ရာပြည့် ကိုပါအမေရိက ပြိုင်ပွဲကို လာမည့် ဇွန်လထဲတွင် အမေရိကန်၌ စတင်ကျင်းပမည်ဖြစ်ပြီး ယူရို ၂၀၁၆ပြိုင်ပွဲမှလည်း ဇွန်လ အတွင်း ကစားမည့် နိုင်ငံတကာပြိုင်ပွဲများဖြစ်ကြသည်။

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အိမ်ရှင်ပြင်သစ်နှင့်အတူ ဂျာမနီ၊ စပိန်၊ အင်္ဂလန်၊ အီတလီစသော ဥရောပထိပ်တန်းအသင်းကြီးများအပါအ၀င် စုစုပေါင်း ၂၄သင်းယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲ တွင်လည်း လက်ရှိချန်ပီယံ ချီလီ၊ အာဂျင်တီးနား၊ ဘရာဇီး၊ ဥဂုဂွေး စသော တောင်အမေရိက ထိပ်တန်းအသင်းကြီးများ ပါဝင်ကြမည့် ပွဲဖြစ်သည်။

ကလင်းစမန်းက ကိုပါအမေရိက က ၁၆သင်း ကစားကြမယ့်ပွဲဖြစ်ပြီး ယူရို ၂၀၁၆ က ၂၄သင်းပါ။ ကွန်ကာကက်ဖ်က ၁၆သင်း နဲ့ တောင်အမေရိက က၁၀သင်းပါမယ့် ကိုပါအမေရိကပြိုင်ပွဲရဲ့ ကစားပုံ စွမ်းဆောင်နိုင်မှုနှင့် အဆင့်အတန်းက ယူရိုပြိုင်ပွဲထက် ပိုသာပါ လိမ့်မယ် ဟု ပြောဆိုသွားခဲ့သည်။

ကလင်းစမန်း၏ အမေရိကန်အသင်းမှာ အုပ်စုပွဲစဉ်များတွင် ကိုလံဘီယာ၊ ကော့စတာရီကာ၊ ပါရာဂွေးအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here