Euro 2016

ယမကာ ပိတ်ပင်မည့်ပွဲ

May 25 , 2016

လာမည့် ဇွန်လ ၁၆ရက် အင်္ဂလန်နှင့် ဝေလတို့ ကစားမည့် ယူရို၂၀၁၆ပြိုင်ပွဲတွင် ယမကာ သောက်သုံးမှုကို ၂၄နာရီ ပိတ်ပင်တားမြစ် ထားမည်ဟု သိရသည်။

ပြင်သစ်မြေရှိ လန်းစ်အသင်းကွင်းတွင် ကစားမည့် ထိုပွဲမှာ ယူရို ၂၀၁၆ အုပ်စုB၏ ပွဲစဉ်တစ်ခုဖြစ်ပြီး ဇွန်လ၁၆ရက် ဒေသစံတော်ချိန်နေ့ လည် ၂နာရီတွင် ကစားမည်ဖြစ်ရာ ယမကာ သောက်သုံးခွင့်ကို ထိုနေ့ နံနက် ၆နာရီမှစ၍ နောက်တစ်နေ့ နံနက် ၆နာရီအထိ ပိတ်ပင် ထားမည်ဖြစ်သည်။

ထို့အပြင် လန်းစ်သို့ လာရောက်သော မော်တော်ကားများတွင်လည်း ယမကာများ သယ်ဆောင်လာခြင်းရှိမရှိ ရဲတပ်ဖွဲ့ဝင်များက ရပ်တန့် စစ်ဆေး ရှာဖွေမည်ဟု ဆိုသည်။

လက်မှတ်မပါသော ပရိသတ်များကို ကွင်းသို့ လာရောက်ခွင့်ပြုမည်မဟုတ်ပဲ လက်မှတ်မဲ့ ပရိသတ်များအတွက် သတ်မှတ်ထားသည့် နယ်မြေတွင်မူ ယမကာ သောက်သုံးခွင့်ရမည်ဖြစ်ပြီး ထိုနယ်မြေအတွင်းမှ ပရိသတ်များသည်လည်း ကွင်းသို့ လာရောက် ခွင့်ရမည်မဟုတ်ပေ။

ဗြိတိသျှရဲတပ်ဖွဲ့ဝင်များက လက်မှတ်မဲ့ ပရိသတ်များအနေနှင့် လိုင်လီမြို့(သို့မဟုတ်) အခြားမြို့တစ်မြို့ရှိ ပရိသတ် သတ်မှတ်နယ်မြေများသို့ သွားရောက်၍ ရုပ်/သံမှ ထုတ်လွှင့်မှုမှ ကြည့်ရှုရန် အကြံပေးထားသည်။

လန်းစ်တွင် ကျင်းပမည့် အခြားပွဲစဉ်များတွင်လည်း ယမကာ တားမြစ်ပိတ်ပင်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here