Europe News

နည်းပြခန့်သော ဆာဘီးယား

Jul 30 , 2014

ဆာဘီးယားဘောလုံးအဖွဲ့ချုပ်သည် အက်ဒ်ဗိုကက်အား နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီ ဖြစ်သည်။

 ဟော်လန်၊ တောင်ကိုရီးယားအသင်းများကို တာဝန်ယူခဲ့ဘူးသော အက်ဒ်ဗိုကက်မှာ ဆာဘီးယားကို ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်ရေးအတွက် ဦးဆောင်ပေးရမည်ဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့သည့် ဆာဘီးယားအတွက်နည်းပြ မီဟာလိုဗစ်မှာ ၂၀၁၃ တွင်ရာထူးမှ ထွက်သွားခဲ့ ကာ ဆမ်ဒိုးရီးယားသို့ ပြောင်းရွှေ့သွားခဲ့သဖြင့် ဒရူလိုဗစ်က ခေတ္တနည်းပြအဖြစ် ထမ်းဆောင်နေခဲ့ရသည်။

အသက် ၆၆ နှစ်ရှိပြီဖြစ်သော အက်ဒ်ဗိုကက်မှာ ဟော်လန်နည်းပြအဖြစ် ၁၉၉၄ ကမ္ဘာ့ဖလားနှင့် ယူရို ၂၀၁၄ တို့တွင် တာဝန်ယူခဲ့ရပြီး ၂၀၀၆ ကမ္ဘာ့ဖလားတွင် တောင်ကိုရီးယားကို ကိုင်တွယ်ခဲ့ရသည်။

ယူရို ၂၀၀၂ တွင် ရုရှားနည်းပြဖြစ်ခဲ့သော အက်ဒ်ဗိုကက်သည် UAE နှင့် ဘယ်လ်ဂျီယံတို့ကိုလည်း ကိုင်တွယ်ခဲ့ဘူးသူ ဖြစ်သည်။ PSV၊ ရိန်းဂျားစ်၊ ဇင်းနစ်ကလပ်များကိုလည်း တာဝန်ယူခဲ့ဘူးသူ အက်ဒ်ဗိုကက်မှာ ယင်းကလပ်များနှင့်အတူ အမှတ်ပေးဇယားများရခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here