Europa League

ဇင်းနစ်နည်းပြဖြစ်လာသော လူဆက်စကူ

May 25 , 2016

အသက် ၇၀ရှိပြီဖြစ်ပြီး ရှက်တာဒိုးနက်ကို နည်းပြအဖြစ် ၁၂နှစ်ကြာ ကိုင်တွယ်ခဲ့သည့် လူဆက်စကူမှာ ဇင်းနစ်အသင်း နည်းပြရာထူးကို လက်ခံ လိုက်ပြီဖြစ်သည်။

ဇင်းနစ်အသင်းနည်းပြ ဘိုအာစ်မှာ အသင်းနှင့် သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် သူ၏ နေရာကို လူဆက်စကူက ဆက်ခံ ခဲ့ခြင်းဖြစ်သည်။

ယူကရိုန်းကလပ် ရှက်တာဒိုးနက်ကို ၁၂နှစ်ကြာ တာဝန်ယူခဲ့သည့် လူဆက်စကူမှာ အသင်းအတွက် ပြည်တွင်းအမှတ်ပေး ချန်ပီယံ ၈ကြိမ်နှင့် ၂၀၀၉ UEFA ဖလားတို့ကို ရရှိစေခဲ့သူဖြစ်သည်။

ပြီးခဲ့သော ၂၀၁၅-၁၆ရာသီတွင်လည်း လူဆက်စကူမှာ ရှက်တာကို UEFAဖလား (ယခု-ယူရိုပါလိဂ်) ဆီမီးဖိုင်နယ်အထိ ရောက်စေခဲ့သူဖြစ်ပြီး ထိုအဆင့်တွင် ဆီဗီးလားကို နှစ်ကျော့ပေါင်း ၅း၃ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သူ့အနေနှင့် ယူကရိုန်းအမှတ်ပေးဖလားကို ၉ကြိမ်မြောက် ရရှိရန်ကြိုးစားခဲ့သော်လည်း ဒိုင်နမိုကိယက်က ၇-မှတ်ဖြတ်၍ ချန်ပီယံဖလားကို ရရှိသွားခဲ့သည်။

U Myo Thant

<< Back Europa League


Advertisement
Here