Champions League

၃နှစ်စာချုပ်ချုပ်သော ဘင်နီတက်ဇ်

May 26 , 2016

လီဗာပူး၊ ရီးရဲလ်တို့ကို ကိုင်တွယ်ခဲ့ဘူးသော နည်းပြ ဘင်နီတက်ဇ်မှာ ချန်ပီယံရှစ်ကလပ် နယူးကာဆယ်နှင့် ၃နှစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

သူသည် ရီးရဲလ်မှ ထွက်လာခဲ့ပြီးနောက် ၂၀၁၅-၁၆ရာသီကုန်ရန် နီးကပ်လာချိန်တွင် နယူးကာဆယ်သို့ ရောက်ရှိလာပြီး အသင်းအတွက် ကြိုးစားပေးခဲ့သော်လည်း အသင်းမှာ ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းသွားခဲ့ရသည်။

ထိုကဲ့သို့ တန်းဆင်းခဲ့ရုခြင်းကြောင့် နယူးကာဆယ်အတွက် ပေါင်သန်း၄၀ခန့် နစ်နာရမည်ဖြစ်ပြီး ဘင်နီတက်ဇ်အနေနှင့် ကစားသမား အပြောင်းအရွှေ့အတွက် အပြည့်အ၀ကိုင်တွယ်ခွင့်ရမည်ဟူသော ကတိနှင့်အတူ အသင်းတွင်ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘင်နီတက်ဇ်မှ ၂၀၁၅-၁၆ရာသိတွင် နယူးကာဆယ်ကို ၁၀ပွဲကိုင်တွယ်ခွင့်ရခဲ့ရာတွင် ပထမဆုံး၎ပွဲ၌ ၃ပွဲရှုံး၊ ၁ပွဲသရေ ရလဒ်ရခဲ့ခြင်းကြောင့် ဒုက္ခများခဲ့ရခြင်းဖြစ်ပြီး နောက်ဆုံး ၆ပွဲတွင် ၃ပွဲနိုင်၊ ၃ပွဲသရေ ရလဒ် ရရှိခဲ့သည်။

U Myo Thant

<< Back Champions League


Advertisement
Here