Euro 2016

ရော်ဂျာစ်ကို အိုနေးလ် ချီးကျူး

May 26 , 2016

အိုင်ယာလန်လက်ရွေးစင်အသင်းနည်းပြ မာတင်အိုနေးလ်က လီဗာပူးနည်းပြဟောင်း ရော်ဂျာစ်မှာ ဆဲလ်တစ်ကို ပိုမိုအောင်မြင်သော လမ်းသို့ ပို့ဆောင်နိုင်လိမ့်မည်ဟု ချီးကျူးပြောဆိုလိုက်သည်။

ဆဲလ်တစ်အသင်းမှာ ယခင်နည်းပြ ဒိုင်လာ၏နေရာတွင် ရော်ဂျာစ်ကို ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး စကော့တလန် အမှတ်ပေးချန်ပီယံ ဆဲလ်တစ်အတွက် မှန်ကန်သော ရွေးချယ်ခန့်အပ်မှု ဟု အိုနေးလ်က ဆိုခဲ့ သည်။

အိုနေးလ်မှာ အိုင်ယာလန်အသင်းနှင့်အတူ ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး သူသည်လည်း ယခင် ၂၀၀၀ပြည့်နှစ်က ဆဲလ်တစ် နည်းပြအဖြစ် တာဝန်ယူခဲ့ဘူးသူဖြစ်သည်၊ ထိုစဉ်က အိုနေးလ်မှာ ဆဲလ်တစ်ကို ၅နှစ်ကြာ ကိုင်တွယ်ခဲ့ရာတွင် အမှတ်ပေး ချန်ပီယံ ၃ကြိမ်နှင့် လိဂ်ဖလား ၃ကြိမ် ရရှိစေခဲ့သူဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here