Euro 2016

အီတလီအကြောင်းပြောတဲ့ အန်ဆလော့တီ

May 27 , 2016

နည်းပြကွန်တီ၏ အီတလီအသင်းမှာ ယူရို၂၀၁၆ ပြိုင်ပွဲတွင် ရေပန်းစားသော အသင်းတစ်သင်းမဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အီတလီအသင်းတွင် ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်သော ဗာရက်တီနှင့် မာချီစီယိုတို့ ဒဏ်ရာကြောင့် မပါနိုင်သဖြင့် အားနည်းချက်များရှိ နေနိုင်ကြောင်း၊ သို့သော် အီတလီအနေနှင့် အတက်နိုင်ဆုံး ကြိုးစားသွားမည်ဟု ယုံကြည်ကြောင်း ဂျာမနီ၊ စပိန်၊ ပြင်သစ်တို့ကဲ့သို့ ရေပန်းစားသောအသင်းမျိုးအဖြစ် အထင်မခံထားရသော်လည်း နိုင်ငံတကာပွဲများတွင် အီတလီ၏ မလျှော့သောဇွဲဖြင့် ကစားပြတက် သည်ကို မိမိတို့ သိရှိထားရမည်ဖြစ်ကြောင်း ကွင်းလယ်မှ အဓိက ကစားသမား၂ယောက် မပါဝင်နိုင်သည်မှာ နစ်နာလှကြောင်း ပြောဆိုသွား ခဲ့သည်။

PSGမှ ဗာရက်တီနှင့် ဂျူဗင်တပ်မှ မာချီစီယိုတို့မှာ ပေါင်ခြံဒဏ်ရာနှင့် ဒူးဒဏ်ရာများကြောင့် ယူရိုပွဲစဉ်ကို လွဲချော်ရခြင်းဖြစ်ပြီး အီတလီမှာ ယူရို ၂၀၁၂တွင် နောက်ဆုံး ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့သော်လည်း ၄ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here