Bundesliga News

ဥက္ကဋ္ဌဟောင်းကို ကြိုမည့်သူ

May 28 , 2016

အခွန်ရှောင်တိမ်းမှုကြောင့် ၂၀၁၄တွင် ရာထူးမှ နုတ်ထွက်ပေးလိုက်ရသော ဥက္ကဋ္ဌဟောင်း ဟိုးနက်စ်အနေနှင့် အသင်း သို့ ပြန်လာမည်ဆိုပါက ၀မ်းမြောက်စွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ဘိုင်ယန် ဥက္ကဋ္ဌ ရမ်မီနစ်က ပြောဆိုလိုက်သည်။

ဂျာမနီလက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ ဟိုးနက်စ်မှာ ဘိုင်ယန် ဥက္ကဋ္ဌ ရာထူးတွင် တာဝန်ယူနေစဉ် အခွန်ရှောင်တိမ်းကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ထိုရာထူးမှ ဆင်းပေးခဲ့ရကာ ထောင်ဒဏ် ၃နှစ်ခွဲ ကျခံရန် ပြစ်ဒဏ်ချခံခဲ့ရသူဖြစ်သည်။

ထိုသို့ ဟိုးနက်စ် ရာထူးမှ ဆင်းပေးလိုက်ရချိန်တွင် ကားလ်ဟုတ်နာက ဥက္ကဋ္ဌရာထူးကို တာဝန်ယူခဲ့ပြီး ယင်းနောက်မှ ရမ်မီနစ်က ဥက္ကဋ္ဌဖြစ် လာခဲ့ခြင်းဖြစ်သည်။

အသက် ၆၄နှစ်ရှိပြီဖြစ်သည့် ဟိုးနက်စ်မှာ ထောင်ဒဏ်ကျခံနေရစဉ် ၂၀၁၅ အစောပိုင်း၌ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဘိုင်ယန် လူငယ် အကယ်ဒမီအစီအစဉ်တွင် ၀င်ရောက်လုပ်ကိုင်နေခဲ့သည်။

ဟိုးနက်စ်မှာ ဘိုင်ယန်တွင် ကစားသမားဘ၀အဖြစ် ပွဲပေါင်း ၃၀၀ကျော် ပါဝင်ကစားခဲ့ပြီး ယင်းနောက် အားကစား ဒါရိုက်တာအဖြစ် နှစ်ပေါင်း ၃၀ကျော် တာဝန်ယူခဲ့ကာ ၂၀၀၉တွင် ဥက္ကဋ္ဌရာထူး ရရှိခဲ့ခြင်း ဖြစ်သည်။

U Myo Thant

<< Back Bundesliga News


Advertisement
Here