La-liga News

အရေးအကြီးဆုံးပွဲဆိုတဲ့ တောရက်စ်

May 28 , 2016

ယနေ့ည ရီးရဲလ်နှင့် ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မိမိဘ၀တွင် အရေးအကြီးဆုံး ပွဲတစ်ပွဲဖြစ်ကြောင်း အက်သလက်တီကို တိုက်စစ် မှုး တောရက်စ်က ပြောဆိုလိုက်သည်။

အသက် ၃၂နှစ်ရှိပြီဖြစ်သော စပိန်သား တောရက်စ်မှာ ချဲလ်ဆီးနှင့်အတူ ချန်ပီယံလိဂ်ဖလားကို ၂၀၁၂တွင် ရရှိခဲ့ဘူးပြီး စပိန်နှင့်အတူ ကမ္ဘာ့ ဖလားနှင့် ဥရောပယူရိုဖလားများ ရရှိခဲ့သူဖြစ်သည်။

သို့သော် အက်သလက်တီကို ကစားသမားအဖြစ် စတင်ကစားခဲ့သည့် ၂၀၀၁မှစ၍ လွန်ခဲ့သော ရာသီ အက်သလက်တီကိုသို့ ပြန်ရောက် လာချိန်အထိ အသင်းနှင့် မည်သည့်အဓိက ဖလားကိုမျှ ရရှိခဲ့ခြင်း မရှိသေးပေ။

တစ်ခြားအသင်းနှင့် ရခဲ့ပေမယ့် ငယ်ကတည်းက အက်သလက်တီကိုနဲ့ ဖလားရချင်ခဲ့တာ ကျနော့် အိပ်မက်ပါ။ ကျနော့် ဘ၀အတွက် အခုပွဲ က သိပ်ကိုအရေးပါတဲ့ ပွဲပါပဲဟု ပြောဆိုသွားခဲ့သည်။

တောရက်စ်မှာ အက်သလက်တီကိုမှ လီဗာပူးသို့ ၂၀၀၇တွင် ပြောင်းရွှေ့သွားခဲ့ပြီးနောက် အက်သလက်တီကိုမှ ယူရိုလိဂ်ဖလား ၂ကြိမ်၊ စပိန်ဘုရင့်ဖလား ၁ကြိမ်နှင့် ၂၀၁၄ လာလီဂါချန်ပီယံဖလားများ ရရှိခဲ့သည်။

သူသည် ယခုရာသီတွင် အသင်းအတွက် ၁၂ဂိုး သွင်းယူပေးထားပြီး လာလီဂါတွင် တတိယအဆင့် ၇သင်းအဖြစ် ရပ်တည်နိုင်ခဲ့ကာ ၂၀၁၄နောက်ပိုင်း ချန်ပီယံလိဂ်ဖိုင်နယ်သို့ ပြန်တက်လာသော အသင်း သားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here