Euro 2016

ခြေစမ်းပွဲလွဲမည့် မာရှယ်

May 30 , 2016

ပြင်သစ်လက်ရွေးစင် မန်ယူတိုက်စစ်မှုး မာရှယ်မှာ ဒဏ်ရာအနည်းငယ်ရှိသေးသဖြင့် ပြင်သစ်နှင့် ကင်မရွန်းတို့ ကစားမည့် ခြေစမ်းပွဲကို လွဲချော်မည်ဖြစ်သည်။

မာရှယ်မှာ ပြင်သစ်နည်းပြ ဒက်စ်ချမ့်၏ ၂၃ဦး လူစာရင်းတွင် ပါဝင်ခဲ့ပြီး မာရှယ်အနေနှင့် ဒဏ်ရာအနည်းငယ်ရှိနေသောကြောင့် ကင်မရွန်းနှင့် ပွဲတွင်ထည့်မသုံးခြင်းဖြစ်ကြောင်း၊ ယူရို ၂၀၁၆ပြိုင်ပွဲများတွင်မူ ပါဝင်လာနိုင်မည်ဖြစ်ကြောင်း ဒက်စ်ချမ့်က ပြောဆိုခဲ့သည်။

ယူရို ၂၀၁၆ပြိုင်ပွဲ၏ အိမ်ရှင်ဖြစ်သူ ပြင်သစ်မှာ ယင်းပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်အဖြစ် လာမည့် ဇွန်လ၁၀ရက်နေ့တွင် ရိုမေးနီးယားနှင့် ကစားရမည်ဖြစ်ပြီး ယင်းနောက်တွင် အယ်လ်ဘေးနီးယား၊ ဆွစ်ဇာလန်တို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here