La-liga News

ရှေ့ရေးကို တွေးနေတဲ့ ဆီမြွန်းနီ

May 30 , 2016

ချန်ပီယံလိဂ် ဖိုင်နယ်တွင် ရီးရဲလ်ကို ပယ်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အက်သလက်တီကိုနည်းပြ ဆီမြွန်းနီမှာ သူ၏ ရှေ့ရေးအတွက် စတင်တွေးတောနေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အက်သလက်တီကိုမှာ အချိန်ပိုကစားပြီးသည့်အထိ ရီးရဲလ်နှင့် ၁ဂိုးစီသရေကျနေခဲ့ပြီးနောက် ပယ်နယ်တီအဆုံးအဖြတ် ရယူရာတွင် ၅း၃ဖြင့် ရှုံးနိမ့်ခြင်းဖြစ်ပြီး ၃နှစ်အတွင်း ရီးရဲလ်ကို ချန်ပီယံလိဂ်ဖိုင်နယ် တွင် ဒုတိယအကြိမ် ထပ်မံရှုံးနိမ့်ခြင်းလည်း ဖြစ်သည်။

၂၀၁၁မှစ၍ အသင်းကိုတာဝန်ယူလာသည့် ဆီမြွန်းနီက ဖိုင်နယ်၂ပွဲလုံးတွင် ရှုံးရသည်မှာ အခံရခက်သော ဝေဒနာဖြစ်ကြောင်း၊ ချန်ပီယံလိဂ် ဖြစ်နိုင်သော အခွင့်အလမ်းကို တွေ့ခဲ့သော်လည်း မိမိရရဆုပ် ကိုင်နိုင်ခဲ့ခြင်းမရှိကြောင်း မိမိအနေနှင့် မိမိရှေ့ရေးအတွက် လည်း တွေးနေပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

အသက် ၆၄နှစ်အရွယ် အာဂျင်တီးနားသား ဆီမြွန်းနီမှာ အသင်းကို ၁၉၉၆ခုနှစ်နောက်ပိုင်း ပထမဆုံး လာလီဂါ ချန်ပီယံအဖြစ် ၂၀၁၄တွင် ရရှိစေခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်၂ကြိမ်တက်ရောက်စေခဲ့ကာ စပိန်ဘုရင့်ဖလား၊ ယူရိုပါလိဂ်ဖလား၊ ဥရောပစူပါဖလား၊ စပိန်စူပါဖလားများ ရရှိစေခဲ့သူလည်းဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here