La-liga News

တန်းတက်လာသော အလာဗက်စ်

May 31 , 2016

စပိန်ဆီဂန်ဒါမှ အလာဗက်စ်အသင်းမှာ ယမန်နေ့က နူမန်စီယာကို ၂းဝဖြင့်အနိုင်ရခဲ့ပြီးနောက် လာလီဂါသို့ တန်းတက်ခွင့် သေချာသွားပြီဖြစ်သည်။

၂၂သင်းပါသော ဆီဂန်ဒါအဆင့်တွင် အလာဗက်စ်မှာ ၄၁ပွဲကစား ၇၄မှတ် ရရှိထားပြီး ၁ပွဲကစားရန် ကျန်သေးသော်လည်း တတိယနေရာမှ ဂျင်နက်စတစ်အသင်းကို ၄မှတ်ဖြတ်ထားနိုင်ခဲ့၍ တန်းတက်ရန် သေချာသွားခြင်းဖြစ်သည်။

အသင်းအတွက် အနိုင်ဂိုးများကို မာနူဂါစီယာနှင့် ရာအူးလ်ဂါစီယာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ၁၀နှစ်အတွင်း လာလီဂါသို့ ပြန် လည် ရောက်ရှိလာခြင်းဖြစ်သည်။

၂၀၀၁-၀၂ UEFAဖလား ဖိုင်နယ်အထိ ရောက်ခဲ့ဘူးသော အလာဗက်စ်အသင်းမှာ လာမည့် နောက်ဆုံးပွဲစဉ်တွင် တတိယနေရာမှ ဂျင်နက်စတစ်နှင့် ကစားရမည်ဖြစ်ပြီး ၇၁မှတ်ရထားသော ဒုတိယနေရာမှ လီဂါနက်စ်အသင်းက အဆင့်၁၅မှ မီရန်ဒက်စ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

ထိုပွဲစဉ်အပြီးတွင် အဆင့်၁နှင့်၂တို့က လာလီဂါသို့ တိုက်ရိုက်တန်းတက်ခွင့်ရမည်ဖြစ်ပြီး အဆင့်၃မှ ၆အထိ လေးသင်းမှာ Play-Off ကစား ကာ တန်းတက် နောက်တစ်နေရာအတွက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here