La-liga News

မာတာကို ခေါ်ယူရန် ဘာကာစဉ်းစားနေ

May 31 , 2016

ချဲလ်ဆီးကစားသမားဘ၀တွင် မော်ရင်ဟို၏ ထုတ်ရောင်းခြင်းကို ခံခဲ့ရပြီး ယခု မန်ယူတွင် မော်ရင်ဟိုနှင့် ပြန်တွေ့ရချိန်တွင် မည်ကဲ့ သို့ ဖြစ်လာမည်ကို မသိနိုင်သေးသော ကွင်းလယ်ကစားသမား မာတာကို ဘာစီလိုနာက ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။

၂၈နှစ်သား စပိန်လက်ရွေးစင် မာတာကို ဘာစီလိုနာက တူရန်၏နေရာတွင် အစားထိုးရန် ခေါ်ယူလိုခြင်းဖြစ်ပြီး ဤသတင်းသာ မှန်ကန်ခဲ့ပါက မန်ယူတွင် မရေရာသော မာတာအနေနှင့် ဇာတိမြေသို့ ပြန် သွားနိုင်ကြောင်း အချို့သတင်းများက ရေးသားခဲ့ကြသည်။

မန်ယူနည်းပြ မော်ရင်ဟိုမှာ ယမန်နေ့က ပထမဆုံးအကြိမ်အဖြစ် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့ပြီး မန်ယူကစား သမားဟောင်းကြီးနှင့် ဂုဏ်ထူးဆောင် ဒါရိုက်တာ ဆာဘော်လီချာလ်တန် နှင့် တွေ့ဆုံခဲ့သည်။

မော်ရင်ဟိုအနေနှင့် ဦးစားပေး လူစာရင်းအတွက် ကစားသမား ၃-၄ဦးခန့် ထပ်မံခေါ်ယူသွားရန် စီစဉ်နေပြီး မည်သည့်ကစားသမားများကို အငှားချခြင်း၊ ထုတ်ရောင်းခြင်းများ ပြုမည်ကိုမူ မသိရသေးပေ။

U Myo Thant




<< Back La-liga News


Advertisement
Here