Euro 2016

အလှောင်ခံရသော ဂီရော့ဒ်

May 31 , 2016

အာဆင်နယ်တိုက်စစ်မှုး ဂီရော့ဒ်မှာ လောလောအချိန်တွင် ယူရို ၂၀၁၆ အိမ်ရှင်ပြင်သစ်လက်ရွေးစင် အသင်းနှင့် လေ့ကျင့်နေသောလည်း သူ၏ ခြေစွမ်းအတွက် ပြင်သစ် ပရိသတ်များ၏ လှောင်ပြောင်ခြင်း ကို ခံနေရဆဲဖြစ်သည်။

သူသည် အာဆင်နယ်အသင်းအတွက် ၁၈၈ပွဲ ကစား ၈၂ဂိုး သွင်းယူထားနိုင်သော်လည်း ပြင်သစ်ပရိသတ်များကမူ ဂီရော့ဒ်အပေါ် အားမလို အားမရဖြစ်နေပြီး ကင်မရွန်းနှင့် ခြေစမ်းပွဲကစားရန် တည်းခိုရာ ဟိုတယ်မှ ထွက်လာချိန်တွင် သူ့ကို အော်ဟစ်လှောင်ပြောင်ခဲ့ကြသည်။

ပြင်သစ်အသင်းမှာ ကင်မရွန်းနှင့် ကစားရာတွင် အနိုင်ရရန် ရုန်းကန်ခဲ့ရပြီး မိနစ် ၉၀တွင် ရရှိသော ပစ်ဒဏ်ဘောမှ တစ်ဆင့် ပါရက်က အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

နည်းပြ ဒက်စ်ချမ့်အနေနှင့် အနိုင်ရလဒ်အတွက် ကျေနပ်မိသော်လည်း အသင်းကစားပုံကို အားမရသေးကြောင်း ပြောဆိုခဲ့သည်။

ဂီရော့ဒ်မှာ ထိုကွင်းအပြင်ဘက်တွင်လည်း ပရိသတ်အချို့၏ အော်ဟစ်မှုကို ခံခဲ့ရသေးသည်ဟု ဆိုသည်။

U Myo Thant




<< Back Euro 2016


Advertisement
Here