Ligue-1 News

ပေါ်တိုနှင့် လမ်းခွဲသော ပီဆီရို

May 31 , 2016

လွန်ခဲ့သော ဇန်န၀ါရီလက နည်းပြအဖြစ် စတင်တာဝန်ယူခဲ့သော ပီဆီရိုအသင်းမှာ ယခုအခါ ပေါ်တိုအသင်းနှင့် ပြန်လည်လမ်းခွဲ လိုက် ပြီဖြစ်သည်။

အသက် ၅၆နှစ်ရှိပြီဖြစ်သော ပီဆီရိုမှာ ဇန်န၀ါရီလတွင် ထုတ်ပယ်ခံခဲ့ရသော လိုပီတီဂူ၏ နေရာကို ဆက်ခံပြီး ပေါ်တို နည်းပြဖြစ်လာခဲ့သူ ဖြစ်သည်။

လိုပီတီဂူမှာ ၃ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရခြင်းအတွက် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပြီး ပီဆီရိုလက်ထက်တွင် ယူရိုပါလိဂ်၌ ဒေါ့မွန်ကို အလျှော့ပေးခဲ့ရကာ ပြည်တွင်းအမှတ်ပေးပွဲတွင်လည်း တတိယနေရာ၌ သာ ရပ်တည်နိုင်ခဲ့သည်။

၂၀၁၅-၁၆ရာသီအတွက် ပေါ်တူဂီအမှတ်ပေးဖလားကို ဘင်ဖီကာက ပေါ်တိုနှင့် ၁၅မှတ်အကွာဖြင့် ရယူသွားနိုင်ခဲ့ပြီး ဒုတိယနေရာမှ စပို့တင်းမှာလည်း ပေါ်တိုထက် ၁၃မှတ်အထိ အသာစီးရခဲ့သည်။

၂၀၁၂-၁၃နောက်ပိုင်း အမှတ်ပေး ချန်ပီယံဘွဲ့နှင့် ဝေးကွာနေခဲ့ရသော ပေါ်တိုမှာ လိဂ်ဖလားဖိုင်နယ်တွင်လည်း ဘာရာဂါကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here