La-liga News

ဇီဒန်းကို ပီရက်ဇ်ချီးကျူး

Jun 01 , 2016

နည်းပြဇီဒန်းအနေနှင့် ရီးရဲလ်တွင် သမိုင်းမှတ်တမ်းစိုက်ထူနိုင်သူတစ်ဦးဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ချီးကျူးပြောဆိုလိုက်သည်။

လွန်ခဲ့သော ဇန်န၀ါရီလတွင် ဘင်နီတက်ဇ် ထွက်ခွာသွားပြီးနောက်ရီးရဲလ် နည်းပြဖြစ်လာသော ဇီဒန်းမှာ အသင်းအား ချန်ပီယံလိဂ်ဖလား ရစေခဲ့သည်။

ပြင်သစ်သား ဇီဒန်းအနေနှင့် ထိုဖလားကို ရီးရဲလ် ကစားသမားဘ၀ဖြင့် ၂၀၀၂က ရရှိခဲ့ပြီး ၂၀၁၄တွင် လက်ထောက်နည်းပြဘ၀နှင့် ထပ်မံရရှိခဲ့ကာ ၂၀၁၆တွင် နည်းပြဘ၀ဖြင့် တတိယကြိမ်မြောက် ရရှိခဲ့ သူဖြစ်သည်။

ပီရက်ဇ်က ဇီဒန်းကို ၂၀၀၀ပြည့်နှစ် နှောင်းပိုင်းကစလို့ ပြောင်းလဲစေခဲ့သူပါ။ အသင်းကို ကစားသမားဘ၀ဖြင့် အောင်မြင်မှု လမ်းကြောင်းပေါ် ဆွဲတင်ခဲ့သလို၊ နည်းပြအဖြစ်နဲ့လည်း တာဝန်ကျေခဲ့ပါပြီ၊ ရှေ့ဆက်ပြီ အောင်မြင်မှု ဆုဖလားတွေ ရလာဦးမယ့်လို့ ကျနော် ယုံကြည်ပါတယ်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here