Euro 2016

အသက်အငယ်ဆုံး အင်္ဂလန်အသင်း

Jun 01 , 2016

ယူရို ၂၀၁၆ပြိုင်ပွဲတွင် အင်္ဂလန်အသင်းမှာ အသက်အငယ်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်း၏ ပျှမ်းမျှအသက်မှာ ၂၆နှစ်အောက်တွင်သာ ရှိနေသည်။

မန်ယူလူငယ် တိုက်စစ်မှုး ရာရှ်ဖို့ဒ် အပါအ၀င် ကစားသမား ၂၃ဦးပါ လူစာရင်းကို ထုတ်ပြန်ခဲ့ပြီး ၁၉၅၈နောက်ပိုင်းတွင် အသက်အငယ် ဆုံးအသင်းဖြစ်သည်။

ရက်ရှ်ဖို့ဒ်မှာ ယခုရာသီအစောပိုင်းတွင် မန်ယူလူငယ်အသင်းတွင်သာ ကစားနေရာမှ နည်းပြဗန်ဂေါလ်ကြောင့် မန်ယူအသင်းကြီးတွင် ပါဝင် ခွင့်ရလာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အဖြစ်လည်း  ၁ပွဲပါဝင် ကစားခွင့်ရခဲ့ကာ ၁ဂိုးသွင်းပြထားသူဖြစ်သည်။

အင်္ဂလန်အသင်းတိုက်စစ်ပိုင်းတွင် စပါးမှ ကိန်း၊ လက်စတာမှ ဗာဒီတို့က ဦးစားပေးကစားသမားများအဖြစ် ပါဝင်လာနိုင်ပြီး အခြား တိုက်စစ်မှုးများအဖြစ် ရက်ရှ်ဖို့ဒ်နှင့် လီဗာပူးမှ စတားရစ်တို့ ဖြစ်ကြသည်။

အသင်းခေါင်းဆောင် ရွန်းနီမှာ မန်ယူတွင် ကစားသကဲ့သို့ ကွင်းလယ်ကစားသမား ပုံစံမျိုးဖြင့်သာ ပါဝင်လာနိုင်သည်။

ယူရိုပြိုင်ပွဲဝင် ကစားသမား ၅၅၂ဦးထဲတွင် ရက်ရှ်ဖို့ဒ်မှာ အသက်အငယ်ဆုံးဖြစ်ပြီး ဒုတိယအသက်အငယ်ဆုံးမှာ ရက်ရှ်ဖို့ဒ်ထက် အသက် ၂လကြီးသူ ပေါ်တူဂီမှ ရီနာတို့ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here