La-liga News

ဒါရိုက်တာ နှုတ်ထွက်မှု လက်မခံ

Jun 01 , 2016

အားကစား ဒါရိုက်တာဖြစ်သူ မွန်ချီ၏ တာဝန်မှ နှုတ်ထွက်ခွင့်ပြုရန် တောင်းဆိုချက်ကို ဆီဗီးလားအသင်းက ပယ်ချလိုက်ပြီး စာချုပ်ပါ ၄နှစ် သက်တမ်းပြည့်သည်ထိ ဆက်နေသွားရန် အကြောင်းပြန်လိုက် ကြောင်း သိရသည်။

၂၀၁၅-၁၆ရာသီတွင် ယူရိုပါလိဂ်ဖလား ရခဲ့သော ဆီဗီးလားအသင်းက မွန်ချီအနေနှင့် အသင်း၏ ဆုံးဖြတ်ချက်ပေါ် လက်ခံ ခဲ့ကြောင်း၊ ထိုကဲ့သို့ လက်ခံခဲ့သည့်အတွက်လည်း အသင်းဘက်မှဝမ်းမြောက်ပါ ကြောင်း၊ ရှေ့ဆက်၍ အသင်းကောင်းကျိုးအတွက် အားထုတ်ကြိုးပမ်းပေးသွားမည်ဟု ယုံကြည်ပါကြောင်း အသင်း၏ ထုတ်ဖော်ချက်ထဲတွင် ဖော်ပြပါရှိခဲ့သည်။

ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ မွန်ချီမှာ အသက် ၃၀အရွယ် ၁၉၉၉ခုနှစ်၌ ကစားသမားဘ၀မှ အနားယူခဲ့ပြီး ၂၀၀၀ပြည့်နှစ်တွင် ဆီဗီးလား၌ ဒါရိုက်တာရာထူး ရရှိခဲ့သူဖြစ်သည်။

သူတာဝန်ယူနေစဉ်အတွင်း ရာမို့စ်၊ ရေးယက်စ် အစရှိသော လူငယ်ခြေတက်များကို မွေးထုတ်နိုင်ခဲ့ကာ အသင်းမှာ စပိန်ဘုရင့်ဖလား ၂ကြိမ်နှင့် ယူရိုပါလိဂ်(UEFA ဖလား) ၅ကြိမ် ရရှိခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here