Europe News

အိုင်ဗရီကို့စ် နည်းပြသစ်ခန့်

Aug 01 , 2014

အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းသည် ဟာဗီရီနာ့ဒ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

ယခင်နည်းပြ လာမိုချီမှာ ကမ္ဘာ့ဖလားပွဲအပြီးတွင် အသင်းနှင့် လမ်းခွဲသွားခဲ့ခြင်းဖြစ်ပြီး ရီနာ့ဒ်မှာ ပြင်သစ်ကလပ် ဆိုးချောက်ကို ၉ လတာ တာဝန်ယူခဲ့သူဖြစ်သည်။

အသက် ၄၅ နှစ်ရှိပြီဖြစ်သော ရီနာ့ဒ်မှာ ယခင်က ဇမ်ဘီယာအသင်းကို ကိုင်တွယ်ခဲ့ဘူးပြီး ၂၀၁၂ တွင် အာဖရိကနိုင်ငံများဖလားကို ရရှိခဲ့သည်။ အိုင်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဒိုင်ရယ်လိုက မိမိတို့သည် အသင်းအတွက်စေတနာထား ပေးဆပ်နိုင်မည့်  နည်းပြ မျိုးကို ရှာဖွေခဲ့ကြောင်း ပြောဆိုခဲ့သည်။

ရီနာ့ဒ်အနေနှင့် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပထမဦးဆုံးသော တာဝန်မှာ အိုင်ဗရီကို့စ်ကို လာမည့်နှစ် မော်ရိုကိုတွင် ကျင်းပမည့် အာဖရိကဖလားပွဲအတွက် ခြေစစ်ပွဲအောင်ရန် စွမ်းဆောင်ပေးရမည် ဖြစ်သည်။

အိုင်ဗရီကို့စ်မှာ လွန်ခဲ့သော ၂ နှစ်က အာဖရိကဖလားဖိုင်နယ်တွင် ရီနာ့ဒ် ကိုင်တွယ်နေသော ဇမ်ဘီဟာကို ပင်နယ်တီ အဆုံးအဖြတ်နှင့် ရှုံးနိမ့်ခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here