La-liga News

နည်းပြအကြောင်းပြောတဲ့ တောရက်စ်

Jun 03 , 2016

မိမိတို့၏ နည်းပြဖြစ်သူ ဆီမြွန်းနီက ရှေ့ရေးအတွက်တွေးနေသည်ဆိုခြင်းအပေါ် နားလည်နိုင်ပါကြောင်းနှင့် ဤသည်မှာ သူ့အခွင့် အရေးဖြစ်ကြောင်း အက်သလက်တိကို တိုက်စစ်မှုး တောရက်စ်က ပြောဆို လိုက်သည်။

အက်သလက်တီကိုအသင်းမှာ ချန်ပီယံလိဂ်ဖိုင်နယ်တွင် မြို့ခံပြိုင်ဘက် ရီးရဲလ်ကို မိနစ် ၁၂၀အထိ သရေခံကစားနိုင်ခဲ့သော်လည်း ပယ်နယ်တီအဆုံးအဖြတ်တွင် အရှုံးတွေ့ခဲ့ရပြီး ထိုပွဲအပြီးတွင် ဆီမြွန်းနီက သူ၏ရှေ့ရေးအတွက် တွေးနေ ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စပိန်သား တောရက်စ်က သူနှင့် အသင်းဖော်များအနေနှင့် ဆီမြွန်းနီကို နည်းပြအဖြစ် ဆက်ရှိစေလိုကြောင်း၊ သို့သော်လည်း ဆီမြွန်းနီ၏ ခံစားချက်ကိုလည်း နားလည်ခြင်းကြောင့် မည်ကဲ့သို့ ဆုံးဖြတ်သည် ဖြစ်စေ သူ့ကိုယ်ပိုင် အခွင့်အရေးပင်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here