Bundesliga News

နည်းပြသစ်ခန့်သော ရှော့ကေး

Jun 03 , 2016

ဘွန်ဒစ်လီဂါကလပ် ရှော့ကေးအသင်းမှာ ၀ိန်းဇီရယ်ကို ၃နှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

ယခင်နည်းပြ ဘရိုက်တန်ရီတာမှာ အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရ အဆင့်၅သို့ ရောက်ရှိအောင် ကြိုးစားပေးနိုင်ခဲ့သော်လည်း တစ်ရာသီအပြီးတွင် ရှော့ကေးနှင့် လမ်းခွဲသွားခဲ့ပြီဖြစ်သည်။

နည်းပြသစ် ၀ိန်းဇီရယ်မှာ ၂၀၁၂ မေလမှစ၍ အော့စဘတ်အသင်းကို တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၅-၁၆ရာသီတွင် အသင်းမှာ အဆင့်၁၂ရခဲ့သည်။

၂၀၁၄-၁၅တွင် အသင်းကို ပထမဆုံးအကြိမ် ဥရောပအဆင့် ၀င်ခွင့်ရအသင်းအဖြစ် အဆင့်၅ရစေခဲ့သော်လည်း ၂၀၁၅-၁၆တွင် အဆင့် ၁၂သာ ရခဲ့၍ ပရိသတ်အချို့က ကျေနပ်ခြင်းမရှိခဲ့ပေ။

ဝိန်းဇီရယ်က ရှော့ကေးကဲ့သို့သော အသင်းမျိုးကို ကိုင်တွယ်ခွင့်ရသည်မှာ ကြီးကျယ်သော စိန်ခေါ်မှုတစ်ခုပင်ဖြစ်ကြောင်း မိမိအနေနှင့် အသင်းအောင်မြင်ရေးအတွက် အတက်နိုင်ဆုံး ကြိုးစားပေးသွား မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

 

U Myo Thant




<< Back Bundesliga News


Advertisement
Here