Euro 2016

လူ၎ယောက်လဲခွင့်ရှိမည့် Copa

Jun 04 , 2016

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့က ၂၀၁၆-၁၇ ရာသီအတွက် စည်းမျဉ်းဥပဒေများကို ယခုအပတ် ထုတ်ပြန်ခဲ့ရာ စည်းမျဉ်းသစ်အချို့ ပါဝင်ခဲ့ပြီး ယင်းအထဲတွင် လူစားလဲခွင့် ၃ယောက်မှ ၄ယောက် အထိ ပြောင်းလဲသတ်မှတ်ထားရာ ယခု စတင်နေပြီဖြစ်သော ကိုပါအမေရိက ပွဲများတွင် စတင်ကျင့်သုံးတော့မည်ဖြစ်သည်။

စည်းမျဉ်းသစ်ထဲတွင် ပွဲစဉ်တစ်ခုအနေနှင့် အချိန်ပိုအထိ ကစားရမည့် ပွဲမျိုးတွင် ကစားသမား ၄ယောက်အထိ လူစားလဲခွင့်ပြုမည်ဟု ပါရှိသည်။

အခြားစည်းမျဉ်းသစ်တစ်ခုတွင်  အုပ်စုပွဲများနှင့် ကွာတားဖိုင်နယ်တို့တွင် ကစားသမားတစ်ဦးမှာ အ၀ါကတ် ၂ခါ အပြခံရပြီးပါက ဆီမီးဖိုင်နယ် ပွဲတွင် ပွဲပယ်ခံရမည်ဟု ပါရှိသည်။

၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲကို ယနေ့နံနက်တွင် စတင်ခဲ့ပြီဖြစ်ရာ ကိုလံဘီယာက အိမ်ရှင်အမေရိကန်ကို၂းဝဖြင့် အနိုင်ရရှိခဲ့သည်။

လက်ရှိချန်ပီယံ ချီလီမှာ အင်္ဂါနေ့နံနက်တွင် အာဂျင်တီးနားနှင့် စတင်ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here