Europe News

အနားယူတဲ့ မဲလ်ဘတ်

Aug 01 , 2014

ဆွီဒင်နောက်ခံလူဟောင်း မဲလ်ဘတ်မှာ ကစားသမားဘ၀မှအနားယူသွားပြီ ဖြစ်သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော မဲလ်ဘတ်မှာ အင်္ဂလန်၊ အီတလီ၊ စပိန်ရှိ ကလပ်များတွင်လည်း ကျင်လည်ခဲ့ကာ နောက်ဆုံး ကစားခဲ့ သည်မှာ ဆွီဒင်ကလပ် ကိုပင်ဟေဂင် ဖြစ်သည်။

ဆွီဒင်လက်ရွေးစင်အသင်းအတွက် ၁၁၇ ပွဲ ကစားပေးခဲ့သော မဲလ်ဘတ်မှာ ၂၀၀၂ နှင့် ၂၀၀၆ ကမ္ဘာ့ဖလားပွဲများတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ဆွီဒင်အတွက် တတိယမြောက်ပွဲအများဆုံး ကစားပေးခဲ့သူဖြစ်သည်။

သူသည် ၂၀၁၁ မှ ၂၀၀၈ အထိ ပရီးမီယားလိဂ်ကလပ် အက်စတန်ဗီလာတွင် ၂၃၂ ပွဲကစားပေးခဲ့သည်။ မဲလ်ဘတ်က ကျနော့် ကစားသမားဘ၀ကို ဒီကနေ့ကစလို့ နားလိုက်ပါပြီ။

ပရိသတ်တွေ၊ ကစားသမားတွေ၊ နည်းပြတွေနဲ့အတူ အသင်းတွေကတာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ် ဟု ပြောဆိုသွားခဲ့ သည်။ သူသည် စပိန်ရှိ ရေးဆင်းနှင့် အီတလီရှိ ဂျူဗင်တပ်ကလပ်များတွင်လည်း ကစားခဲ့သေးသူဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here