Serie-A News

အင်တာရှယ်ယာများ တရုတ်ဝယ်ယူ

Jun 06 , 2016

တရုတ်စီးပွားရေး လုပ်ငန်းစုတစ်ခုက စီးရီးအေကလပ် အင်တာ၏ အစုရှယ်ယာများထဲမှ ၆၈%ကို ၀ယ်ယူလိုက်ပြီဟု သိရသည်။

ဆိုင်းနိစ်ဆန်းနင်းဂရုပ်သည် အင်တာအသင်း လက်ရှိ ဥက္ကဋ္ဌ အဲရစ်သိုဟာ၏ ရှယ်ယာအားလုံးနှင့် မိုရက်တီပိုင်ဆိုင်ထားသော ရှယ်ယာ ၃၀% တို့ကို ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား လူမျိုးဖြစ်သူ သိုဟာနှင့် အီတလီသား မိုရက်တီတို့၏ ရှယ်ယာများကို တရုတ်စီးပွားရေး လုပ်ငန်းစုက ၀ယ်ယူခဲ့သည့် သတင်းကို ယနေ့နှောင်းပိုင်းတွင် တရားဝင်ကြေညာရန် ရှိနေပြီး ဥက္ကဋ္ဌ သိုဟာ၊ ဒုဥက္ကဋ္ဌ ဇနက်တီတို့မှာ တရုတ်နိုင်ငံ နန်ကျင်းတွင် တရုတ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူခဲ့ကြခြင်းဖြစ်သည်။

မိုရက်တီ၏ မိသားစုအစဉ်ဆက်မှာ အင်တာကို ၁၉၅၀ကျော် ကာလများကပင် အင်တာတွင် ရင်းနှီးမြှုပ်နှံခဲ့သူများဖြစ်ပြီး လက်ရှိ ရှယ်ယာ အများဆုံးပိုင်ရှင် သိုဟာကလည်း သူ့ရှယ်ယာများ၏ ထက်ဝက်ကျော်ကို ထုတ်ရောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here