Euro 2016

ရွေးရခက်နေတဲ့ ဘော့စကေး

Jun 07 , 2016

စပိန်အသင်းနည်းပြ ဒဲလ်ဘော့စကေးက သူ့အနေနှင့် လာမည့် ယူရို ၂၀၁၆ ပွဲစဉ်များအတွက် ဂိုးသမား ရွေးရ ခက်နေကြောင်း ပြောဆိုလိုက်သည်။

စပိန်အသင်းမှာ ရုရှနှင့် ခြေစမ်းပွဲ ကစားခဲ့စဉ်က အသင်းခေါင်းဆောင် ကားဆီးလက်စ်ကို ဂိုးသမားနေရာတွင် ကစားစေခဲ့ပြီး ဒီဂီရာကို အရန်အဖြစ်သာ ထားရှိခဲ့သည်။

သို့သော် ဂျော်ဂျီယာနှင့် ကစားမည့် ခြေစမ်းပွဲတွင် ဒီဂီရာမှာ ပွဲထွက်အခွင့်အရေးရနိုင်ကြောင်း ပြောဆိုခဲ့ပြီး ချက်နှင့် ကစားရမည့် ယူရို အုပ်စု အဖွင့်ပွဲစဉ်တွင်မူ မည်သူ့ကို ပွဲထွက်ခွင့်ပေးရမည်ကို စဉ်းစား ဆဲသာဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၆၅နှစ်အရွယ် ဘော့စကေးက မန်ယူမှ ဒီဂီရာနှင့် ပေါ်တိုမှ ကားဆီးလက်စ်တို့ ၂ဦးတွင် မည်သူ့ကို ပင်တိုင်ဂိုးသမားနေရာ ပေးရမည်ကို ရွေးရခက်နေကြောင်း မည်သို့ပင်ဆိုစေ ၁၃ရက်နေ့မှ ကစားရမည့် ချက်နှင့် ပွဲအတွက် စဉ်းစားရန်အချိန်ရှိသေးကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here