Bundesliga News

မီတာရန်ကို ဒေါ့မွန်ရောင်းမည်

Jun 07 , 2016

ဘွန်ဒစ်လီဂါအသင်းတစ်သင်းဖြစ်သော ဒေါ့မွန်အသင်းမှာ မီတာရန်နှင့် စာချုပ်သက်တမ်းတိုးရေး ကိစ္စဆွေးနွေးရာတွင် သဘောတူညီမှု မရခဲ့သဖြင့် ၎င်းကစားသမားကို ထုတ်ရောင်းတော့မည်ဟု ဆိုသည်။

မီတာရန်ကို ထုတ်ရောင်းမည့်အသင်းမှာ သူ့ကို အလိုရှိနေသော အာဆင်နယ်အသင်းအတွက် သတင်းကောင်းဖြစ်ပြီး ၂၇နှစ်အရွယ် အာမေးနီးယန်းသား မီတာရန်မှာ မည်သည့်အသင်းသို့ ပြောင်းမည်ဆို သည်ကို စတင် စဉ်းစားနေပြီဖြစ်သည်။

ဒေါ့မွန်အနေနှင့် အရေးပါသော ကစားသမားတစ်ဦးကို ဆက်ထိန်းထားလိုသော်လည်း သဘောတူညီမှု မရသဖြင့် လွန်ခဲ့သော ၃နှစ်က ဂေါ့ဇီကို ပြိုင်ဘက် ဘိုင်ယန်ထံ ရောက်သွားစေသကဲ့သို့ ယခုလည်း မီတာရန်ကို လက်လွှတ်ရဦးမည်ဖြစ်သည်။

ဒေါ့မွန်နှင့် စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သော မီတာရန်ကို ပရီးမီးယားလိဂ်မှ ချဲလ်ဆီးနှင့် စပါးတို့ကလည်း စိတ်ဝင်စားနေပြီး မီတာရန်မှာ လွန်ခဲ့သော ရာသီတွင် အသင်းအတွက် ၁၈ဂိုး သွင်းပေးခဲ့သူဖြစ်သည်။

အာဆင်နယ်အသင်းမှာ ကစားသမားသစ်များ ၀ယ်ယူနေခဲ့ရာ ဂလက်ဘက်မှ ဆာကာကို ပေါင်သန်း၃၀ဖြင့် ခေါ်ယူခဲ့ပြီး လက်စတာမှ ဗာဒီကိုလည်း ပေါင်၂၂သန်းဖြင့် ခေါ်ယူမည်ဖြစ်သည်။

 

U Myo Thant




<< Back Bundesliga News


Advertisement
Here