Euro 2016

ရှုံးပွဲတွေ့သော စပိန်

Jun 08 , 2016

ယူရို၂၀၁၂ချန်ပီယံ စပိန်အသင်းမှာ ၁နှစ်ကျော်ကာလအတွင်း ပထမဆုံး ရှုံးပွဲအဖြစ် ဂျော်ဂျီယာအသင်းအား ခြေစမ်းပွဲတွင် ၀း၁ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ဖီဖာ အဆင့်(၆) စပိန်က ဖီဖာ အဆင့်(၁၃၇) ဂျော်ဂျီယာကို ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ဧပြိလ ၁ရက်နေ့ နောက်ပိုင်း ပထမဆုံး ရှုံးပွဲဖြစ်သည်။

စပိန်အသင်းမှာ ယူရို ၂၀၁၆ ပြိုင်ပွဲများ မစတင်မီ ခြေစမ်းပွဲများ ကစားနေခြင်းဖြစ်ပြီး လာမည့် တနင်္လာနေ့တွင် ချက်အသင်းနှင့် ပွဲဦးထွက် တွေ့ဆုံရဦးမည်ဖြစ်သည်။

ယခု ရှုံးပွဲတွင် ဂိုးသမားအဖြစ် ပါဝင်ခဲ့သော ဒီဂီရာက လာမယ့်ပွဲမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာပေါ့၊ အဲဒီပွဲမှာ ဘယ်သူဂိုးဖမ်းရမယ်ဆိုတာ မသိသေးပါဘူးဟု ပြောဆိုသွားခဲ့သည်။

စပိန်အသင်းမှာ ဂျော်ဂျီယာနှင့် ပွဲတွင် လူစားလဲမှု ၆ကြိမ် ပြုလုပ်ခဲ့ပြီး အကောင်းဆုံးဖြစ်ရန် ပြင်ဆင်နေကြောင်း နည်းပြ ဘော့စကေးက ပြောဆိုခဲ့သည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here