Serie-A News

သက်တမ်းတိုးတဲ့ တော့တီ

Jun 08 , 2016

ရိုးမား တိုက်စစ်မှုး တော့တီမှာ ကစားသမား ဘ၀မှ အနားမယူမီ အသင်းနှင့် ၁နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။

အသက် ၃၉နှစ် ရှိပြီဖြစ်သော တော့တီမှာ ရိုးမားအတွက် ၇၅၈ပွဲ ကစား ၃၀၄ဂိုး သွင်းယူပေးထားခဲ့ပြိး အသင်းအတွက် ပွဲအများဆုံး ကစားပေးထားသူနှင့် ဂိုးအများဆုံး သွင်းထားသူအဖြစ် မှတ်တမ်းဝင်ထားပြီဖြစ်သည်။

သူသည် လွန်ခဲ့သော ရာသီတွင် စီးရီးအေ ၁၃ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ရာသီမသိမ်းမီ နောက်ဆုံး ၆ပွဲကို လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရကာ ၄ဂိုး သွင်းယူပေးခဲ့သည်။

တော့တီမှာ ရိုးမားသို့ ၁၂နှစ်သား အရွယ်ကပင် ရောက်ရှိနေသူဖြစ်ပြီး အသက် ၁၆နှစ်အရွယ် ၁၉၉၃တွင် အသင်းကြီး ကစားသမားအဖြစ် စတင်ကစားခွင့် ရခဲ့သည်။

သူသည် ၁၉၉၈တွင် ရိုးမားအသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး စီးရီးအေသမိုင်းတွင် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် စံချိန်တင်ခဲ့ကာ ၂၀၀၁တွင် စီးရီးအေ ချန်ပီယံဆု ရရှိခဲ့သည်။

အသင်းဥက္ကဋ္ဌ ပါလော့တာက တော့တီကို ၁နှစ် သက်တမ်းတိုးနိုင်ခဲ့ခြင်းအတွက် ချီးကျူးစကားပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here