Coppa Italia Cup News

၂၀၁၉ Copa အိမ်ရှင် ဘရာဇီး

Jun 08 , 2016

ဘရာဇီးအနေနှင့် လာမည့် ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဟု တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမင်ဂုဇ်က တရားဝင်ထုတ်ပြန်ပြောဆိုလိုက်သည်။

ဘရာဇီးမှာ ၂၀၁၅တွင် အိမ်ရှင်လုပ်ခွင့်ရမည်ဖြစ်သော်လည်း ထိုအခွင့်အရေးကို ချီလီထံ လွှဲပေးခဲ့ရသည်။

ဘရာဇီးအနေနှင့် ၂၀၁၀နောက်ပိုင်းတွင် ပြိုင်ပွဲကြီးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပြီး ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပွဲ၊ ၂၀၁၄ ကမ္ဘာ့ဖလားပွဲနှင့် ၂၀၁၆ အိုလံပြစ် ပွဲတော်တို့ကို ကျင်းပခွင့်ရခဲ့သည်။

၂၀၁၆ အိုလံပစ်ပွဲတော်မှာ လာမည့် ဩဂုတ်လတွင် စတင်ကျင်းပမည်ဖြစ်သည်။

ဘရာဇီးမှာ ကိုပါအမေရိကပွဲများကို ၁၉၁၉၊ ၁၉၂၂၊ ၁၉၄၉နှင့် ၁၉၈၉တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပြီး ယင်း၎ကြိမ်လုံးတွင် ဗိုလ်စွဲနိုင်ခဲ့သည်။

 

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here