Euro 2016

မသေချာသော ဆွာရက်ဇ်

Jun 09 , 2016

မက္ကဆီကိုအား ၃း၁ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲတွင် မပါဝင်ခဲ့သော ဥရုဂွေး တိုက်စစ်မှုး ဆွာရက်ဇ်မှာ မနက်ဖြန်ကစားမည် ဗင်နီဇွဲလားနှင့် ပွဲတွင်လည်း ပါဝင်ရန် မသေချာသေးကြောင်း သိရသည်။

ဘာစီလိုနာကစားသမားအဖြစ် စပိန်ဘုရင့်ဖလားဖိုင်နယ်ပွဲ ကစားခဲ့ရာတွင် ရရှိခဲ့သော ဒဏ်ရာမှာ ယခုအချိန်တွင် သက်သာလာသော်လည်း ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားနိုင်ရန် မသင့်လျော်သေးခြင်းကြောင့် ဗင်နီဇွဲလားနှင့် ပွဲကို လွဲချော်နိုင်ခြင်းဖြစ်သည်။

ဥရုဂွေးနည်းပြ ကာဘာရက်ဇ်က ဆွာရက်ဇ်အနေနှင့် အင်ပြည့်အားပြည့် ကစားနိုင်ရန်မသေချာသေးသောကြောင့် အနားပေးထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မက္ကဆီကိုနှင့်ပွဲတွင် ရှုံးထားခဲ့ခြင်းကြောင့် ဗင်နီဇွဲလားနှင့် ပွဲကိုပါ ထပ်မံရှုံးနိမ့်ခဲ့ပါက ဥရုဂွေးမှာ အုပ်စုအဆင့်မှပင် ထွက်သွားရနိုင်သော အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ဗင်နီဇွဲလားမှာ ပထမပွဲစဉ်တွင် ဂျမေကာကို နိုင်ထားသော အသင်းဖြစ်သည်။

U Myo Thant




<< Back Euro 2016


Advertisement
Here