La-liga News

ဝင်ငွေအကောင်းဆုံး စီရိုနယ်ဒို

Jun 09 , 2016

ဖော်ဘီးစ် စီးပွားရေး မဂ္ဂဇင်းကြီး၏ အားကစားလောကမှ ၀င်ငွေအကောင်းဆုံးနေရာကို ရီးရဲလ်တိုက်စစ်မှုး စီရိုနယ်ဒိုက ရရှိသွားပြီဖြစ်သည်။

လွန်ခဲ့သော နှစ်က ၀င်ငွေအများဆုံးရခဲ့သော အားကစားလောကမှ ကစားသမားများစာရင်းတွင် စီရိုနယ်ဒိုမှာ ဘောလုံးသမားတစ်ဦးအနေနှင့် ထိုစာရင်းနံပါတ်တစ်နေရာတွင် ၀င်ငွေပေါင်သန်း ၆၀ဖြင့် ပထမဆုံးရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

၃၁နှစ်သား စီရိုနယ်ဒိုမှာ လွန်ခဲ့သောနှစ်က လစာအဖြစ် ပေါင် ၃၈.၄သန်းရရှိခဲ့ပြီး အခြားစပွန်ဆာကဲ့သို့သော ၀င်ငွေရလမ်းများမှာ ပေါင် ၂၁.၆သန်း ရရှိခဲ့သူဖြစ်သည်။

လက်ဝှေ့သမားဘ၀မှ အနားယူသွားသော မေ၀ယ်သာက ယခင်နှစ်များတွင် ထိပ်ဆုံးနေရာ၌ ရှိခဲ့သူဖြစ်ပြီး ယခုမှ ဘောလုံးကစားသမားသတစ်ဦးက နံပါတ်တစ်ဖြစ်လာခြင်းဖြစ်သည်။

ဖီဖာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၃ကြိမ် ရထားခဲ့သူ စီရိုနယ်ဒို၏ ဆိုရှယ်မီဒီယာ ၀က်ဘ်ဆိုက်များဖြစ်သော ဖေ့စ်ဘုတ်၊ အင်စတာရမ်နှင့် တွစ်တာတို့တွင် အားပေးသူပေါင်း ၂၁၄၅သန်းရှိသည်ဟု mirror သတင်းစာက ဖော်ပြခဲ့သည်။

ဘာစီလိုနာမှ မက်ဆီက ၀င်ငွေပေါင် ၅၅.၉သန်းဖြင့် ဒုတိယနေရာတွင်ရှိနေပြီး အမေရိကန် ဘတ်စကက်ဘော ကစားသမား ဂျိမ်းစ်က ပေါင်၅၃သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေခဲ့သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here