Coppa Italia Cup News

မျှော်လင့်ချက်ကုန်သော ဥရုဂွေး

Jun 10 , 2016

ကိုပါအမေရိကပြိုင်ပွဲဝင် ယနေ့နံနက်ပိုင်း ဗင်နီဇွဲလားနှင့် ပွဲတွင် ရှုံးနိမ့်ခဲ့သဖြင့် ပြိုင်ပွဲမှ ထွက်ရတော့မည်ဖြစ်သည်။

ဥရုဂွေးပွဲစဉ်မှာ အဖွင့်ပွဲစဉ်တွင် မက္ကဆီကို အသင်းကို ၃း၁ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်ဖြစ်သည့် ဗင်နီဇွဲလားနှင့် ပွဲစဉ်တွင် ၁းဝဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပြန်သဖြင့် လာမည့်  ဂျမေကာနှင့် ပွဲတွင် အနိုင်ရလျှင်သော်မှ ပြိုင်ပွဲက ထွက်ရပြီဖြစ်သည်။

ဥရုဂွေးတိုက်စစ်မှုး ဆွာရက်ဇ်မှာ မက္ကဆီကိုနှင့် ပွဲတွင် မပါနိုင်ခဲ့သကဲ့သို့ ဗင်နီဇွဲလားနှင့် ပွဲတွင်လည်း ပါဝင်ခဲ့ခြင်းမရှိပေ။

ဥရုဂွေးပါဝင်သော အုပ်စု C တွင် ဗင်နီဇွဲလားနှင့် မက္ကဆီကိုတို့က ၂ပွဲကစား ခြောက်မှတ်စီဖြင့် နောက်တစ်ဆင့် တက်ရန် သေချာသွားခဲ့ပြီး ဂျမေကာနှင့် ဥရုဂွေးတို့မှာ အုပ်စုအဆင့်မှ လှည့်ပြန်ရမည်ဖြစ် သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here