Serie-A News

နှလုံးခွဲစိတ်ခံရမည့် ဘာလူစကိုနီ

Jun 10 , 2016

မီလန်အသင်းဥက္ကဋ္ဌ ဘာလူစကိုနီမှာ လာမည့် အပတ်တွင် နှလုံးခွဲစိတ်ကုသမှု ခံရမည်ဟု သိရသည်။

ထိုသတင်းကို သူ့၏ မိသားစု ဆရာဝန်ဖြစ်သူ ဒေါက်တာ ဇန်ဂရီလိုက အတည်ပြုခဲ့ပြီး အသက် ၇၉နှစ်ရှိပြီဖြစ်သော ဘာလူစကိုနီမှာ နှလုံးဝေဒနာကြောင့် လွန်ခဲ့သော အင်္ဂါနေ့က မီလန်ရှိ ဆန်ရက်ဖဲလီဆေးရုံတွင် သွားရောက် စစ်ဆေးခံခဲ့ရကြောင်းနှင့် ခွဲစိတ်မှု ခံယူသင့်သည်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဇန်ဂရီလိုက ပြောဆိုခဲ့သည်။

မီလန်ရှယ်ယာရှင်များထဲမှ သူပိုင်ဆိုင်သော ရှယ်ယာများကို ထုတ်ရောင်းတော့မည်ဟု သတင်းထွက်နေခဲ့သော ဘာလူစကိုနီအတွက် မီလန်အသင်း တာဝန်ရှိသူများက ယခုခွဲစိတ်မှု ရာနှုန်းပြည့် အောင်မြင်ရန်နှင့် အမြန်ဆုံး သက်သာပျောက်ကင်းရန် ဆုတောင်းပါကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခု နှလုံးရောဂါမျိုးမှာ မကြာခဏ နေမကောင်းခြင်းနှင့် လွန်စွာအားနည်းသည့် ဒဏ်များကို ခံစားရနိုင်သည်ဟု သိရသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here