Serie-A News

တန်းတက်လာသော ပက်စ်ကာရာ

Jun 10 , 2016

စီးရီးဘီမှ ပက်စ်ကာရာအသင်းမှာ တန်းတက် Play-Off ဖိုင်နယ်တွင် ထရာပါနီကို နှစ်ကျော့ပေါင်း ၃း၁ဖြင့် အနိုင်ရကာ ၅နှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် စီးရီးအေသို့ တန်းတက်လာပြီဖြစ်သည်။

Play-Off ပထမအကျော့တွင် ၂းဝဖြင့် နိုင်ထားခဲ့သော ပက်စ်ကာရာမှာ ဒုတိယအကျော့တွင် ၁ဂိုးစီ သရေကစားကာ တန်းတက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၁၆စီးရီးဘီတွင် ပက်စ်ကာရာမှ အဆင့် ၄ဖြင့် ရာသီသိမ်းခဲ့ခြင်းကြောင့် ၆သင်းပါ တန်းတက် Play-Off  ၀င်ခွင်ရရှိခဲ့သည်။

အဆင့်၃မှအဆင့် ၈အထိ အသင်း၆သင်းအနက် အဆင့်၅မှ အဆင့် ၈အထိ ၄သင်းက Play-Off ကကွာတားပွဲကစားကာ အနိုင်ရသည့် ၂သင်းက အဆင့် ၃နှင့် ၄မှအသင်းများနှင့် Play-Off ဆီမီးပွဲ၊ ထိုမှ တစ်ဆင့် Play-Off ဖိုင်နယ်ပွဲအဖြစ် အဆင့်ဆင့် ကစားရခြင်းဖြစ်သည်။

ပက်စ်ကာရာအသင်းမှာ ၂၀၁၃တွင် စီးရီးအေမှ တန်းဆင်းသွားရသော အသင်းဖြစ်သည်။

 

U Myo Thant




<< Back Serie-A News


Advertisement
Here