Euro 2016

ကွင်းလယ်မှာကစားမယ့် ရွန်းနီ

Jun 11 , 2016

ယူရို ၂၀၁၆ အဖွင့်ပွဲစဉ်အဖြစ် ယနေ့ည ရုရှနှင့် ရင်ဆိုင်ရမည့်ပွဲတွင် အင်္ဂလန်အသင်းခေါင်းဆောင် ရွန်းနီမှာ ကွင်းလယ်ကစား သမားအဖြစ် ပါဝင်မည်ဖြစ်သည်။

ရွန်းနီမှာ မန်ယူတွင် ကစားစဉ်က တိုက်စစ်မှုးဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် ကွင်းလယ်မှ ဖန်တီးပေးပို့ပေးရသည့် ကွင်းလယ်ကစားသမားပုံစံမျိုး ကစားခဲ့ဘူးသော်လည်း အင်္ဂလန်အတွက် ၁၁ပွဲ ကစားပေးခဲ့ပြီးနောက် ယခုပွဲမှာ ရွန်းနီအတွက် ပထမဆုံး ကစားရမည့်ပွဲ ဖြစ်သည်။

အင်္ဂလန်နည်းပြဟော့ဆန်မှာ ယခင်က သုံးယောက်တွဲ တိုက်စစ်တွင် ဗာဒီနှင့် ကိန်းတို့ကြား၌ ရွန်းနီကို ထားသည့် ကစားကွက်မျိုးဖြင့် စမ်းသပ်ခဲ့သော်လည်း ယခုပွဲတွင်မူ ကစားကွက်ပုံစံပြောင်းသွားလိမ့်မည်ဖြစ်သည်။

အင်္ဂလန်အသင်းမှာ ရုရှနှင့် ပွဲအပြီးတွင် ဝေလ၊ စလိုဗက်ကီးယားတို့နှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

 

U Myo Thant




<< Back Euro 2016


Advertisement
Here