Coppa Italia Cup News

ဟက်ထရစ်ရသော မက်ဆီ

Jun 11 , 2016

ဒဏ်ရာကြောင့် ချီလီနှင့် ပွဲတွင် မပါဝင်ခဲ့သော အာဂျင်တီးနားသား မက်ဆီမှာ ပနားမားနှင့် ပွဲတွင် ကစားခွင့်ရသော မိနစ် ၃၀အတွင်း ၃ဂိုး သွင်းပြနိုင်ခဲ့သည်။

ပနားမားနှင့် ပွဲတွင် မက်ဆီမှာ အရန်ခုံတွင်ပင် ထိုင်နေရပြီး ပွဲချိန် ၆၁မိနစ်တွင်မှ ဖာနန်ဒက်စ်အစား လူစားဝင်ကစားခွင့်ရရှိခဲ့သည်။

မက်ဆီမှာ ကွင်းအတွင်းရောက်ပြီး ၇ မိနစ်အကြာတွင် ဂိုးစသွင်းခဲ့ကာ ၇၈မိနစ်နှင့် ၈၇မိနစ်တို့တွင်လည်း ဂိုးများသွင်းယူခဲ့သည်။

ပွဲချိန် ၃၁မိနစ်တွင် ဂိုဒွိုင်း ၂၀ါ ၁နီဖြင့် အထုတ်ခံခဲ့ရ၍ ပနားမားမှာ ပွဲချိန်တစ်နာရီခန့်ကို တစ်ယောက်လျော့ဖြင့် ကစားခဲ့ရပြီး ၅းဝဖြင့် ရှုံးသွားခဲ့သည်။

အုပ်စု D တွင် အာဂျင်တီးနားက ၂ပွဲ ကစား ၂ပွဲနိုင် ၆မှတ်ဖြင့် နောက်တစ်ဆင့်တက်ရန် သေချာသွားခဲ့ပြီး ၃မှတ်စီရထားသော ပနားမားနှင့် ချီလီတို့မှာ လာမည့် ၁၅ရက်နေ့တွင် အဆုံးအဖြတ်ပွဲ ကစားရမည်ဖြစ်ရာ အနိုင်ရရှိသော အသင်းက နောက်တစ်ဆင့်တက်မည် ဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here