Coppa Italia Cup News

ဒိုင်ကိုဝေဖန်သော နည်းပြ

Jun 11 , 2016

ချီလီနှင့် ကစားရသောပွဲတွင် နာကျင်အချိန်ပိုတွင် ဧရိယာအတွင်း လက်ထိဘောဖြစ်သည်ဟုဆိုကာ ပင်နယ်တီပေးခဲ့သော ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို ဘိုလီးဗီးယား နည်းပြဘယ်ဒစ်ဗီဆိုက ဝေဖန် လိုက်သည်။

ထိုပွဲစဉ်တွင် ချီလီမှ ဗီဒယ်က ပွဲချိန် ၄၆မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၅၈မိနစ်တွင် လူစားဝင်လာသူ ဘိုလီးဗီးယားမှ ကမ်ပို့စ်က ၆၁မိနစ်တွင် ချေပဂိုး ပြန်သွင်းခဲ့သည်။

သို့သော် နာကျင်အချိန်ပို ၈မိနစ်တွင် ဘိုလီးဗီးယား ဂိုးဧရိယာအတွင်း လက်ထိဘောဖြစ်သည်ဟု အမေရိကန်ကွင်းလယ်ဒိုင်လူကြီး မာရူဖိုက သတ်မှတ်ခဲ့ကာ ပယ်နယ်တီပေးခဲ့သဖြင့် ချီလီမှ ဗီဒယ်ကပင် အနိုင်ဂိုး ရယူသွားနိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၄၄နှစ်အရွယ် ဘိုလီးဗီးယားနည်းပြ  ဘယ်ဒစ်ဗီဆိုက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ရင် စိတ်ပျက်စရာပါ ချီလီလိုအသင်းမျိုးဟာ ဒိုင်အကူအညီလိုလို့လားဟု ပြောဆိုခဲ့သည်။

ဘိုလီးဗီးယားမှာ ယခုရှုံးပွဲကြောင့် ကိုပါအမေရိကပြိုင်ပွဲမှ ထွက်ရန် သေချာသွားခဲ့ပြီဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here