Coppa Italia Cup News

ကိုပါကို နှုတ်ဆက်တဲ့ ဘရာဇီး

Jun 13 , 2016

ပီရူးမှ ရူဒီအက်ဇ်၏လက်ဖြင့် ထိဝင်သွားသော ဂိုးကို ကွင်းလယ်ဒိုင်က ခွင့်ပြုခဲ့ခြင်းကြောင့် နာမည်ကြီး ဘရာဇီးမှာ ကိုပါအမေရိကပြိုင်ပွဲကို နှုတ်ဆက် ထွက်ခွာရပြီဖြစ်သည်။

နည်းပြ ဒွန်ဂါမှာ ဘရာဇီးအသင်း ကစားကွက်အတွက် ဝေဖန်ခံခဲ့ရပြီး ယနေ့နံနက် အဆုံးအဖြတ်ပွဲတွင် ပထမပိုင်း၌ သရေကျနေသော်လည်း ၇၅မိနစ်တွင် ပီရူးမှ ရူဒီအက်ဇ်က ဂိုးသွင်းရန် ကြိုးစားရာတွင် လက်နှင့် ထိကာ ဂိုးဝင်သွားခဲ့သည်။

ဘရာဇီးကစားသမားများက လက်ထိဘောဖြစ်ကြောင်း စောဒကတက်ကြသော်လည်း ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်တို့က လက်ထိဘောအဖြစ် သတ်မှတ်မပေးခဲ့သောကြောင့် ပွဲအပြီးတွင် ၀း၁ဖြင့်ရှုံးကာ ဘရာဇီးမှ ဟောတီနှင့်အတူ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ပီရူးနှင့် အီကွေဒေါတို့ ကွာတားဖိုင်နယ် တက်ခဲ့ကြပြီးဖြစ်သည်။

ယနေ့နံနက်အထိ အုပ်စု A နှင့် B မှ ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ အုပ်စု A ပထမ အမေရိကန်မှာ ကွာတားတွင် အုပ်စု B ဒုတိယ အီကွေဒေါ၊ အုပ်စု A ဒုတိယ ကိုလံဘီယာက အုပ်စု B ပထမ ပီရူးတို့နှင့် တွေ့ဆုံရမည်ဖြစ်သည်။

အုပ်စု C တွင် မက္ကဆီကိုနှင့် ဗင်နီဇွဲလားတို့ ကွာတားတက်ခဲ့ပြီဖြစ်ပြီး အုပ်စု D တွင် အာဂျင်တီးနားက ကွာတားတက်ရန် သေချာနေပြီး ချီလီနှင့် ပနားမားတို့မှာ နိုင်သည့် အသင်းက ကွာတားတက်မည် ဖြစ်သည်။

U Myo Thant

<< Back Coppa Italia Cup News


Advertisement
Here